လူကယ်ပြန်ဝန်ကြီးဌာနအတွက် ဒုဝန်ကြီး ခန့်အပ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် ဦးစိုးအောင်ကို ခန့်အပ်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ဦးစိုးအောင်ဟာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှာ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ ဒုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တာလို့ သမ္မတ ဦးထင်ကျော် လက်မှတ်ရေးထိုးပြီး စက်တင်ဘာ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။
လက်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်နေချိန်မှာ ခုလို ဒုဝန်ကြီးတဦး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။











