DVB Logo
Home
မြန်မာသတင်း
ဂျပန်သတင်းထောက်၏ညီမဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံစာပို့
DVB
·
September 27, 2017
ဂျပန်သတင်းထောက်၏ညီမဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံစာပို့
Donate to DVB

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်း ရန်ကုန်မြို့ဆူးလေအနီးမှာ တပ်မတော်သား တဦးရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ဂျပန်သတင်းထောက် နဂအိခန်ဂျီရဲ့ ၁၀ နှစ်မြောက် နှစ်လည်ကန်တော့ပွဲကို ဒီကနေ့ သူ့ရဲ့ဇာတိ အိမဘရှီခရိုင်မှာ ပြုလုပ်ခဲ့ပါတယ်။

ရင်းနှီးတဲ့မိတ်ဆွေကတဆင့် ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့ထားတဲ့အကြောင်း လည်း ညီမဖြစ်သူက သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၂၀၀၇ ခုနှစ်တုန်းက စစ်အစိုးရလက်ထက် မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာက သိရှိစေဖို့ ကျမရဲ့အစ်ကို နဂအိခန်ဂျီဟာ မြန်မာနိုင်ငံကို ၀င်ရောက်သတင်းယူခဲ့တာဖြစ်တယ်လို့ အဆိုပါစာမှာ အစချီထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

နှစ်တွေကြာပြီး ထိုအချိန်က စစ်အစိုးရလက်ထက်ဖြစ်လို့ တရားခံကိုထုတ်ဖော်ဖို့ ခက်ခဲပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  အဖြစ်အပျက်ကို မှန်မှန်ကန်ကန်ထုတ်ပြန်ပေးစေလိုတဲ့ ဆန္ဒပြင်းပြင်းပြပြရှိနေကြောင်းကို ရေးသားထား တယ်လို့ဆိုပါတယ်။

မိမိအနေနဲ့အကိုဖြစ်သူ သေဆုံးချိန်မှာ နိုင်ငံတကာကို ပြသချင်တဲ့ ရိုက်ကူးထားတဲ့ကင်မရာ၊ တိတ်ခွေနဲ့ သေဆုံးခဲ့မှု အဖြစ်အပျက်မှန်ကို ထုတ်ပြန်ပေးစေလို့တဲ့ ဆန္ဒသာရှိကြောင်းလည်း ထပ်မံပြောဆိုခဲ့ပါသေးတယ်။

ကင်မရာပြန်လည်ရရှိရေးအတွက်ဂျပန်ပြည်သူ ၁ သိန်း ၃ သောင်းကျော်ရဲ့ ဆန္ဒပြုတောင်းဆိုလက်မှတ်တွေကို တိုကျိုမြန်မာသံရုံးကတဆင့် ထိုအချိန်က စစ်အစိုးရထံ ပေးပို့ခဲ့ဖူးပါတယ်။

ပစ်သတ်ခံရမှုကို ဗွီဒီယိုမှတ်တမ်းတွေ ဓာတ်ပုံတွေ သက်သေခိုင်ခိုင်မာမာ ရှိနေပေမယ့် သေဆုံးခဲ့ရမှုနဲ့ပတ်သက်လို့ အဆိုပါပစ်ခတ်နှိမ်နင်းမှုတွေမှာ ပစ်မိန့်ပေးခဲ့သူနဲ့ ကိုယ်တိုင် ကိုယ်ကျ ပစ်ခတ်ခဲ့သူတွေကို ယခုထိတိုင်အောင် တရားဥပဒေအရ အရေးယူတာ မရှိသေးပေမယ့် နခအိ ခန်ဂျီစံ နေထိုင်ရာတိုကျို နခနော့မြို့ ရဲစခန်းမှာ ဆက်လက်အမှုဖွင့်ထားပါတယ်။

မစ္စတာနာဂအိဟာ ကွယ်လွန်ချိန်မှာ အသက် ၅၀ ရှိပြီး တိုကျိုအခြေစိုက် APF သတင်းဌာန မှာ အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ပါလက်စတိုင်းအပါအ၀င်နိုင်ငံတကာက စစ်ပွဲ သတင်းတွေနဲ့ ဒုက္ခရောက်နေတဲ့ နိုင်ငံတကာကကလေးသူငယ်တွေရဲ့သတင်းတွေကို အဓိက သတင်းယူခဲ့တဲ့  ထင်ရှားတဲ့ ဂျပန်စစ်သတင်းထောက်တယောက် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013