DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့တွင် မြေပြိုမှုဖြစ်ပွား လူ ၃ ဦး ဒဏ်ရာရ
DVB
·
September 27, 2017
မိုးကုတ်မြို့တွင် မြေပြိုမှုဖြစ်ပွား လူ ၃ ဦး ဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက မြေပြိုမှုဖြစ်ပွားပြီး အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မိုးကုတ်မြို့အ၀င် တောင်ကချင်ရပ်ကွက်ထဲမှာ လူငယ် ၃ ဦးက မြောင်းတူးဖော်နေစဉ် အနောက်ဘက်မှာရှိတဲ့ မြေနံရံက ပြိုကျလာတာလို့ မိုးကုတ်မြို့မအုပ်စု နယ်ထိန်းရဲတပ်ကြပ် မျိုးမြင့်နိုင်က ဒီဗွီဘီကို ပြောပါတယ်။

“မိုးရွာလို့ဖြစ်တာတော့ မဟုတ်ဘူး။ အိမ်က တောင်စောင်းနားဆောက်ထားတာကို အဲဒီ တောင်မှာ မြေကမ်းပါးရံဆောက်နေတဲ့အချိန်မှာ သူတို့ကအောက်ခြေက ဖောင်ဒေးရှင်းမြောင်း လိုက်ကြတာပေါ့၊ ဖောင်ဒေးရှင်းဆိုတာ အုတ်မြစ်ချဖို့လေ၊ အဲဒီမြောင်းလေးတူးရင်းနဲ့ နောက်မှာ အရင်ဝါးရုံပင်အဟောင်းကြီးရှိတယ်ဗျ။ အဲဒါလည်း အရင်က အမှိုက်ပုံဟောင်းဖြစ်တော့ သူတို့ တူးရင်းနဲ့မှ ကန်ထွက်လာတော့ အပေါ်ကမြေတွေပွပြီး သူတို့ပေါ်ကို ပြုတ်ကျတာ။”

မြေပြိုမှုကြောင့် ဒဏ်ရာရရှိသူ ၃ ဦးမှာ လယ်ဦးရပ်နေ ကိုအားချန်၊ ကိုသိန်းနိုင်ဦးနဲ့ ကိုအောင်တို့ဖြစ်ကြပြီး ခန္ဓာအောက်ပိုင်းနဲ့ ခြေထောက်တွေမှာ ဒဏ်ရာရကြကာ လောလောဆယ် မိုးကုတ်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေကြပါတယ်။ ဒဏ်ရာက မပြင်းထန်တဲ့အတွက် အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

မိုးကုတ်မြို့မှာ နေအိမ်တွေက အများအားဖြင့် တောင်စောင်း၊ တောင်ကမ်းပါးယံတွေမှာ ဆောက်လုပ်ထားကြတာမို့ ယခင်ကလည်း မြေထိန်းနံရံပြိုကျမှုတွေရှိခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013