DVB Logo
Home
မြန်မာသတင်း
နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုများအား မန္တ​လေး ဆိုင်းဂီတအနုပညာရှင်များရှင်းလင်း
DVB
·
September 27, 2017
နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုများအား မန္တ​လေး ဆိုင်းဂီတအနုပညာရှင်များရှင်းလင်း
Donate to DVB

 

မန္တလေးအခြေစိုက် ဆိုင်းဂီတအနုပညာရှင်တွေဟာ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနစ်နာမှုတွေနဲ့ပတ်သက်လို့ ဒီကနေ့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ကွန်မြူနတီ စင်တာမှာ ရှင်းလင်းပြောကြားလိုက်ပါတယ်။

အစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ သိရှိစေဖို့အတွက် မြန်မာနိုင်ငံ ဆိုင်းဂီတအသင်း၊ မြန်မာနိုင်ငံဆိုင်းဂီတ အသင်းဝင်အနုပညာရှင်တွေနဲ့ အနုပညာအဖွဲ့တွေပူး ပေါင်းပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

ဆိုင်းဂီတအသင်းဝင် အနုပညာရှင်တွေ သွားရောက်တီးမှုတ်ရာ မန္တလေးတိုင်း ငါးဇွန်မြို့နယ်၊  ဧရာဝတီတိုင်း မကွေးတိုင်းနဲ့ အခြားမြို့ ရွာတွေမှာ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးကနေပြီး တားဆီးမှုတွေရှိနေတာကြောင့်ခုလို မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းရတာလို့ ဆိုင်းဂီတအနုပညာရှင်များအဖွဲ့က ဥက္ကဋ္ဌစိန်တင့်လွင်ကပြောပါတယ်။

မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးငြိမ်းသစ်က “ရွာသားကြီး စိန်ဗေဒါဆီကနေပြီးတော့ လက်ဆင့်ကမ်းလာတဲ့ အနုပညာဖြစ်ပါတယ်။ ဒါကြောင့် ဂီတဟာ ချဲ့ထွင်ခြင်းတွေ တီထွင်ဆန်းသစ်ခြင်းတွေ လိုအပ်ပါတယ်။ ဒါတွေ လုပ်တဲ့အတွက် ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူး။ ယဉ်ကျေးမှုကနေ ခွဲထွက်တယ်ဆိုတဲ့ စွဲချက်တွေဟာ တရားမဝင်ပါဘူး။ ဒါကြောင့် ဆိုင်းဂီတအသင်းကြီး မကြာခင်ပေါ်ထွက်လာဖို့ ဆိုင်းဂီတအသင်းကြီး မကြာခင် ဒီအသင်းဝင် သုံးသောင်းကျော်နဲ့ ဂီတပညာရပ်တွေနဲ့ အသက်မွေးဝမ်းကြောင်းပြုတာတွေကို မည်သူကမှ တားမြစ်လို့ ရပ်ဆိုင်းခြင်းမရှိအောင် ကျနော်အစွမ်းကုန် ကြိုးစားသွားမှာဖြစ်ပြီး လွှတ်တော်ကို တင်ပြသွားမှာဖြစ်တယ်”လို့ ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကလည်း “အနယ်နယ်အရပ်ရပ်ရှိတဲ့ မြို့နယ်၊ တိုင်း၊ ခရိုင်၊ တိုင်းနဲ့ပြည်နယ်တွေမှာ ဆိုင်းဂီတအသင်းအဖွဲ့က တီးမှုတ်နေတာတွေကို ပိတ်ပေးပါလို့ ပြောတဲ့သူဟာ ၁၈၂ အကျိုးဖျက်ဆီးတာနဲ့ တရားစွဲဆိုသွားဖြစ်တယ် ဖွဲ့စည်းပုံမှာပါတဲ့ နိုင်ငံသားရဲ့အခွင့်အရေးကို တားတာဖြစ်တယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ဆိုင်းအဖွဲ့ဝင်ပေါင်း သုံးသောင်းကျော်ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ ဌာနအသီးသီကိုလည်း တရားဝင်မှတ်ပုံတင်ထားဆဲဖြစ်တယ်လို့ အတွင်းရေးမှူး ဦးဇော်သစ်က ပြောပါတယ်။

မြန်မာ့ရိုးရာဆိုင်းဂီတကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ ဆိုင်းအနုပညာရှင်တွေ လိုက်နာစောင့်ထိမ်းရမယ့် စည်းကမ်းချက်တွေကို မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးက ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013