DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 27, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

နွေသီးထပ်ဆန်
ဝါးတန်း ကုန်စည်ဒိုင်မှာတော့ နွေသီးထပ်ဆန်က ၁ အိတ်ကို ၄၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၂၃,၅၀၀ ကနေ ၂၃,၇၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။

ကြက်သွန်နီ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၁၀၀ ကျပ် ဈေး ကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၈၅၀ ကျပ်ကနေ ငွေကျပ် ၂,၂၅၀ ရှိပါတယ်။

ကြက်သွန်ဖြူ (ကြူကုတ်)
ကြက်သွန်ဖြူ(ကြူကုတ်)က ဒီနေ့မှာ ၁ ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၅၀၀ ကျပ်ကနေ ငွေကျပ် ၁,၅၅၀ ပေါက်ဈေးရှိပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ၄,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ တန်ကို ငွေကျပ် ၄၁၀,၀၀၀ ပေါက်ဈေးရှိပါတယ်။

နှမ်းနက်(စမုံ)
မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)က ၁ အိတ်ကို ၁၁၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၈,၀၀၀ ပေါက်ဈေးရှိနေပါတယ်။

ပန်းနှမ်း
ပန်းနှမ်းကတော့ ဒီနေ့မှာ ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်ာလာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၆၇,၀၀၀ ပေါက်ဈေးရှိပါတယ်။

စွန်တာပြာ
စွန်တာပြာကတော့ ဒီနေ့မှာ ၁ အိတ်ကို ၉၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၉၂,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၉,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

စားအုန်းဆီ
စားအုန်းဆီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၁,၈၇၀ ပေါက်ဈေးရှိပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။  

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013