DVB Logo
Home
မြန်မာသတင်း
ပြည်ပသို့ တင်ပို့မည့် နွားအကောင်ရေ ၅၀၀ ဧရာတီမြစ်အတွင်း သယ်ဆောင်လာစဉ် တွေ့ရှိ
DVB
·
September 27, 2017
Donate to DVB

စစ်ကိုင်းတိုင်း ကသာမြို့နယ် အောက်ဘက်၊ အောင်ချမ်းသာကျေးရွာ ဧရာဝတီမြစ် ဆိပ်ကမ်းမှာ စက်တင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းက နွားအကောင်ရေ ၅၀၀ တင်ဆောင် လာတဲ့ ရေယာဉ် ၂ စီးကို တွေ့ရှိလို့ ကသာမြို့မ ရဲစခန်းမှစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကသာမြို့မ ရဲစခန်းမှ မြို့နယ်မှူး ရဲမှူးမြင့်အောင် ဦးဆောင်ပြီး ဌာနဆိုင်ရာ အဖွဲ့စုံမှ သွားရောက် စစ်ဆေးကြရာမှာ နယ်ကျော်ဖြတ်သန်းသယ်ဆောင်ဖို့ ပြည့်စုံလုံလောက်တဲ့ အထောက်အထား စာရွက်စာတမ်း တစုံတရာ မတွေ့ရှိခဲ့ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

အထောက်အထားမဲ့ နွားအကောင်ရေ ၅၀၀ ကို ရွှေအင်ကြင်းနဲ့ ရွှေပုန်းညက် ကုန်တင်သင်္ဘော ၂ စီးနဲ့ မန္တလေးတိုင်းဒေသကြီးက သယ်ဆောင်လာတာဖြစ်ပြီး ဧရာဝတီမြစ် အထက်ပိုင်းကို သယ်ဆောင်လာကာ ကချင်ပြည်နယ် ဗန်းမော်ခရိုင် စင်ခန်းဆိပ်ကမ်းအထိ သယ်ဆောင်လာစဉ် ကသာမြို့နယ် ဧရာဝတီမြစ် အောင်ချမ်းသာကျေးရွာ ဆိပ်ကမ်းမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။

ရဲမြို့နယ်မှူး ရဲမှူးမြင့်အောင်က “နွားတွေက အကောင်ရေ ၅၀၀ ဆိုတော့ အလွယ်တကူ စစ်ဆေးဖို့မလွယ်ပါဘူး။ လုံလောက်တဲ့ အချိန်ရယ်၊ ကျယ်ပြန့်တဲ့ နွားစားကျက်ရယ် ရှိဖို့လိုပါတယ်။ ကျနော်တို့အနေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး အရေးကြီးကုန်စည် ဥပဒေပုဒ်မ ၅ အရ အမှုဖွင့် အရေးယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်”လို့  ပြောပါတယ်။

နွားအကောင်ရေ ၅၀၀ ကို သယ်ဆောင်လာတာနဲ့ ပတ်သက်လို့ နွားမောင်း ခေါင်းဆောင် ၂ ဦး၊ ရေယာဉ်မှူး နှစ်ဦးအပြင် ရေယာဉ် ၂ စီးပေါ်မှ စုစုပေါင်း လိုက်ပါလာသူ လူ ၃၃ ဦးကို အမှုဖွင့် အရေးယူနိုင်ဖို့ ကသာမြို့မရဲစခန်းမှာ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

သတင်း - သီဟဆွေ(ကသာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013