DVB Logo
Home
မြန်မာသတင်း
နွားမှောင်ခိုသယ်ဆောင်သူများ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးကိုယ်တိုင် ဖမ်းဆီးခဲ့ခြင်းအား သတင်းထောက်များ ခေါ်ယူရှင်းလင်း
DVB
·
September 27, 2017
Donate to DVB

မကွေးတိုင်းဒေသကြီး မကွေးမြို့ အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်ရုံးခန်းမှာ စက်တင်ဘာ ၂၆ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်က စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးကိုယ်တိုင် နွားမှောင်ခို ဖမ်းဆီးတဲ့ ကိစ္စကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက “မနေ့က ညသန်းခေါင်ကျော်လောက်မှာ နွားမှောင်ခိုအဖွဲ့ သတင်းရလို့ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမြင့်က ကျနော့်ဆီကို အကြောင်းကြားတယ်။ ဒါတွေ မိအောင်ဖမ်းရမှာပေါ့။ နယ်လုံဝန်ကြီးနဲ့ CP ကြီးကို အကြောင်းကြားလိုက်ဦးမယ်ဆိုပြီး ကျန်းမာရေးကောင်းလားလို့ မေးတော့ ရတယ်၊ ကိုယ်တိုင် သွားမယ်လို့ဆိုပြီး ဝန်ကြီးကိုယ်တိုင် သွားရောက်ဖမ်းဆီးခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုးညွန့်က “တောင်သူလယ်သမားတွေရဲ့ သတင်းပေးချက်အရ စုံစမ်းရာ ကိုးပင်ရွာမှာ ရောက်နေတယ်လို့ သိရပြီး စနည်းနာတဲ့အခါကျတော့ ဒီဘက်မှာ အခြေအနေ သိပ်မကောင်းဘူး ဆိုတော့ သူတို့က ရှေ့ပြေးတွေ ပါတယ်။ အဲဒီလမ်းအတိုင်း မလာတော့ဘဲ မြို့သစ်ဘက်က ဆက်သွားတယ်။ ဒီလမ်းအတိုင်း လာရင် မကွေးဘက်ကို ရောက်တယ်။ အဲဒီကားမှာပါတဲ့ ဒရိုင်ဘာနဲ့ နွားထိန်းနှစ်ယောက် ဖမ်းမိတယ်။ သူတိုရှေ့ကပါတဲ့ ကားလေးကတော့ မမိဘူး။ ဒီဥစ္စာတော့ သူတို့ ပိုင်ရှင်မဲ့လုပ်ခဲ့တာပေါ့”လို့ ဒီဗွီဘီကို ပြောပါတယ်။

စက်တင်ဘာလ ၂၆ ရက် ၂ နာရီ ၃၅ မိနစ် အချိန်ခန့်က တောင်တွင်းကြီးမြို့နယ်ဘက်က နတ်မောက်မြို့နယ်ဘက်ကို နွားတွေ တင်ဆောင်ထားတဲ့ မော်တော်ယာဉ်တစီး မောင်းနှင်သွားကြောင်း သတင်းရရှိတာကြောင့် နတ်မောက်မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ရဲဇော်ထိုက်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သက်သေတွေ ဖြစ်တဲ့ အထက်မြန်မာပြည် စောင့်ကြည့်ရေးအဖွဲ့တာဝန်ခံ ဦးတင်မောင်ဝင်း၊ အထက်မြန်မာပြည် စောင့်ကြည့်ရေးအဖွဲ့ အမှုဆောင်တွေဖြစ်တဲ့ ဦးဝင်းမြိုင်နဲ့ ဦးဌေးအောင်တို့နဲ့အတူ ပိတ်ဆို့ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၆ ရက် ၃ နာရီ ၁၀ မိနစ်အချိန်ခန့်က နတ်မောက်မြို့ကနေ တောင်ဘက် ၃ မိုင်ခန့်အကွာ နတ်မောက်မြို့နယ်၊ နကျားထူးကျေးရွာအုပ်စု၊ နတ်မောက်-စိုင်ကောင်း တကြောင်းထိုးကားလမ်း ဦးရဲထွဋ် ကျောက်ကွင်းအနီး မိုင်တိုင်အမှတ် ၀/၃မိုင်တွင် ------ဟီးနိုး အပြာရောင် ၁၂ ဘီးယာဉ်တစီး ရပ်တန့်ထားတာကို တွေ့ရသဖြင့် စစ်ဆေးခဲ့ပါတယ်။ ယာဉ်ရှေ့ဘက်ကပ်ရက် ကားလမ်းပေါ်မှာ တောင်တွင်းကြီးမြို့နယ် ဘိုကုန်းကျေးရွာနေ မင်းအောင် (၃၅-နှစ်)ကို တွေ့ရှိခဲ့ပြီး၊ ယာဉ်ပေါ်မှာ ကျောက်ပန်းတောင်းမြို့နယ် သဲပုံမကျေးရွာနေ အောင်မင်းနိုင်(၃၂-နှစ်)၊ ပြည်မြို့နယ် ဥသျှစ်ပင်ကျေးရွာနေ နေလင်းဦး(၂၂-နှစ်)၊ သာစည်မြို့နယ် ကြက်မောက်ကျေးရွာနေ ရဲမင်းနိုင်(၁၉-နှစ်)၊ မိတ္ထီလာမြို့နယ် ပျော်ကုန်းကျေးရွာနေ အေးမင်းသူ(၁၈-နှစ်)၊ ကျော်စိုး (၁၉-နှစ်) တို့နဲ့အတူ နွား ၃၀ ကောင်၊ ခန့်မှန်းတန်ဖိုး ၂၁၀ သိန်းခန့်ကို တွေ့ရှိခဲ့တယ်လို့ နတ်မောက်ရဲစခန်းက သိရပါတယ်။

နွားအကောင် ၃၀ ကို ခွင့်ပြုမိန့်တစုံတရာမရှိဘဲ ပြည်မြို့က မန္တလေးတိုင်းဒေသကြီးကို သယ်ဆောင်လာတာ ဖြစ်တယ်လို့ သိရှိရတာကြောင့် သယ်ဆောင်လာသူတွေကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက် ၇ နာရီ ၅ မိနစ်အချိန်တွင် နတ်မောက်မြို့မရဲစခန်း (ပ)၅၅၁/၂၀၁၇ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ပုဒ်မ ၅ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဒီဗွီဘီကို ပြောပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013