DVB Logo
Home
မြန်မာသတင်း
ဇွဲကပင်တောင်၌ ၂ ပတ်ကြာ ပုပ်ပွနေသည့် လူသေအလောင်းတလောင်း တွေ့ရှိ
DVB
·
September 27, 2017
Donate to DVB

ကရင်ပြည်နယ် ဇွဲကပင်တောင်ပေါ် အထက်ရေတံခွန်အနီး ခလောက်နို့ကျေးရွာဘက်ခြမ်း၊ တောင်အောင်ပေ ၃၀၀ လောက်အကွာမှာ ၁၅ ရက်ခန့်အကြာက ပုပ်ပွနေတဲ့ လူသေအလောင်း တလောင်းကို စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ထုံးအိုင်နယ်မြေရဲစခန်းက ပြောပါတယ်။

အလောင်းကို ထုံးအိုင်နယ်မြေရဲစခန်းမှ စခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ တန် ၄၀၀၀ ဘိလပ်မြေစက်ရုံက ပေးဆပ်သူ သွေးလှူပရဟိတ လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ ကော့ကျိုက်လူမှု ကယ်ဆယ်ရေးအဖွဲ့တို့မှ ကူညီကယ်ဆယ်ပြီး စက်တင်ဘာ ၂၇ ရက်နေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်မှာ ဘားအံဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ထုံးအိုင်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ညီညီမိုးက “မနေ့ညနေ ၄ နာရီခွဲလောက်မှာ ဇွဲကပင်တောင် ၃ ပုံ ၂ ပုံလောက်မှာ ကရင်မောင်နှမ နတ်နန်းဘေးကနေပြီးတော့ အောက်ကို ဆင်းရင် ပေ ၅၀၀ လောက်အနက်မှာရှိတဲ့ ခလောင်းနို့ကျေးရွာအနားမှာ အမျိုးသားအလောင်း တလောင်း တွေ့တယ်။ ညနေ ၅ နာရီခွဲလောက်မှာ အလောင်းကို သယ်ဖို့ ကြိုးတွေကလည်း မပါ။ မိုးတွေကလည်း သည်းနေတော့ ဒီနေ့မနက် ၆ နာရီလောက်မှာ သယ်တာ အလောင်းက ပုပ်ပွနေပြီ။ အဲဒီအလောင်းက အိမ်က ပျောက်နေတာ၂၇ ရက်ကြာနေပြီ။ အဲဒီမတိုင်ခင် သူ့ကို ဟိုက ခေါ်နေပြီ ဒီက ခေါ်နေပြီ ဆိုပြီးတော့ ငိုယိုပြီး ပြောတာတွေ ရှိတယ်။ ဆိုင်ကယ် တက္ကစီသမားတယောက်ကိုခေါ်ပြီး ဇွဲကပင်တောင်ကို လာတယ်လို့ သိရတယ်”လို့ ပြောပါတယ်။

အလောင်းရဲ့ခန္ဓာကိုယ်မှာ ပွင့်လင်းငံပြာရည်တံဆိပ်ပါ ချိုင်းပြတ်စွတ်ကျယ် အဖြူနဲ့ ပုဆိုး အပြာရောင်အကွက်စိပ် ဝတ်ဆင်ထားပြီး အရပ် ၅ ပေ ၆ လက်မလောက်ရှိကာ အလောင်းရဲ့ ဘယ်ဘက်လက်မှာ အမာရွတ်တခုတွေ့ရပြီး ကျန်းမာရေးဖော့ဖိနပ်တရံကို အလောင်းနဲ့ ၁၀ ပေလောက်အကွာမှာ မြင်တွေ့ရကြောင်း ထုံးအိုင်နယ်မြေစခန်းမှူးရဲ့ စုံစမ်းဖော်ထုတ်ချက်အရ အလောင်းမှာ ဘားအံမြို့ အမှတ် (၃) ရပ်ကွက် ဗိုလ်ချုပ်လမ်းနေ ဝင်းသိန်းအေး(၃၁ နှစ်) ဖြစ်ပြီး အလောင်းမှာ ပြင်ပဒဏ်ရာ တစုံတရာမတွေ့ရဘဲ အိန္ဒုနယ်မြေရဲစခန်းမှ သေမှုသေခင်းဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ် မိုးတွင်းကာလကလည်း ဇွဲကပင်တောင်ပေါ်က နိုင်ငံခြားသား ပြင်သစ်နိုင်ငံသားတဦး တောင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ပါသေးတယ်။

သတင်း - အာကာမင်း၊ ဓာတ်ပုံ - Nay Lin Aung

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013