DVB Logo
Home
မြန်မာသတင်း
ဂက်(စ်)အိုးများ တင်ဆောင်လာသည့် ယာဉ်တစီး အရှိန်လွန် တိမ်းမှောက်
DVB
·
September 27, 2017
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၊ အပြင်အနန်းကုန်းပိုင်းတွင် စက်တင်ဘာ ၂၆ ရက်နေ့က ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်မှာ ဂက်(စ်)အိုးတွေ တင်ဆောင်လာတဲ့ ယာဉ်တစီး အရှိန်လွန်တိမ်းမှောက်ခဲ့တယ်လို့ သုဝဏ္ဏဝတီရဲစခန်းက သိရပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၆ ရက်နေ့၊ မနက်ပိုင်းက သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၊ အပြင်အနန်းကုန်းပိုင်း၊ မိုင်တိုင်အမှတ် ၁၄၀/၂ နဲ့ ၁၄၀/၃ ကြားမှာ သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်ကို ယာဉ်မောင်းသိန်းမြင့် (၄၁-နှစ်) မောင်းနှင်လာပြီး ၁ လုံးကို ၄၈ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ဂက်စ်အိုး ၁၃၃ လုံးကို မြဝတီမြို့မှ ရန်ကုန်မြို့ကို တင်ဆောင်လာတဲ့ ယာဉ်အမှတ် 7M/7762 ၊ FUSO အမျိုးအစား ကုန်တင်ယာဉ်အဖြူရောင်ဟာ အခင်းဖြစ် နေရာအရောက်မှာ ယာဉ်ခါးလယ်အောက်ပိုင်း ဂျွိုင်းဆက်ပြတ်ပြီး လမ်းနဲ့ထောက်ကာ လဲကျ တိမ်းမှောက်သွားခဲ့ပြီး လူများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

သုဝဏ္ဏဝတီရဲစခန်းမှ ရဲအုပ်ကိုကိုလတ်က “အုပ်ချုပ်ရေးမှူးက ဖုန်းဆက် အကြောင်းကြားလို့ သက်သေလူကြီးတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး အခင်းဖြစ်နေရာကို သွားကြည့်တော့ ကားက ခါးလယ်အောက်ပိုင်းက ဂျွိုင်းဆက်နေရာပြတ်ပြီး လမ်းဘေးကို တိမ်းမှောက်သွားတာပါ။ ကားပေါ်မှာက ဂတ်စ်အိုး ၁၀၀ ကျော် တင်လာတာပါ။ ယာဉ်မောင်းကိုတော့ ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။

ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး ယာဉ်မောင်း သိန်းမြင့်ကို သိမ်ဆိပ်နယ်မြေရဲစခန်းက ယာဉ်(ပ) ၂၈/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013