DVB Logo
Home
မြန်မာသတင်း
လာမယ့်​နှစ် ဘတ်ဂျက်အသုံး​စရိတ် အတည်ပြု
DVB
·
March 23, 2012
လာမယ့်​နှစ် ဘတ်ဂျက်အသုံး​စရိတ် အတည်ပြု
Donate to DVB

လာမယ့်​ ဧပြီ ၁ ရက်မှာ စတင်မယ့်​ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ​ရေး​နှစ် ဘတ်ဂျက် အသုံး​စရိတ်ကို ပြည်​ထောင်စုလွှတ်​တော်က မတ် ၂၂ ရက်​နေ့​မှာ အတည်ပြုလိုက်ပါတယ်။

အတည်ပြုတဲ့​ ဘတ်ဂျက်အရ ကျန်း​မာ​ရေး​မှာ မနှစ်က ဘတ်ဂျက်ထက် ၄ ဆ၊​ ပညာ​ရေး​မှာ မနှစ်က ဘတ်ဂျက်ထက် ၂ ဆ၊​ တက်လာသလို ကာကွယ်​ရေး​အတွက် ဘတ်ဂျက်လည်း​ မနှစ်ကထက် တက်လာတယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် လွှတ်​တော်ကိုယ်စား​လှယ် ​ဒေါက်တာမြတ်ဥာဏစိုး​က ​ပြောပါတယ်။

ဆောက်လုပ်​ရေး​ဝန်ကြီး​ဌာန၊​ လျှပ်စစ်ဝန်ကြီး​ဌာနနဲ့​ ​နေပြည်​တော် ​ဆောက်လုပ်​ရေး​ စည်ပင်သာယာ ဘတ်ဂျက်​တွေ ​လျော့​ကျသွား​သလို မြန်မာ့​စက်မှုဖွံ့​ဖြိုး​ရေး​ ဝန်ကြီး​ဌာနက တင်ပြတဲ့​ ကျပ်​ငွေ ဘီလီယံ​ပေါင်း​ ၄၀၀ ခန့်​ အဆိုပြုချက်ကို​တော့​ လုံး​ဝ မချ​ပေး​တော့​ဘဲ ဖြတ်​တောက်ခဲ့​တယ်လို့​ ဆိုပါတယ်။

နိုင်ငံ​တော်ဘတ်ဂျက် အသုံး​စရိတ်ကိစ္စကို အစိုး​ရသစ် သက်တမ်း​ ၁ နှစ်အတွင်း​ ​ဆောင်ရွက်နိုင်မှုဟာ ရာခိုင်နှုန်း​ပြည့်​ မဟုတ်​ပေမယ့်​ ​ကျေနပ်​လောက်ဖွယ် ရှိခဲ့​ပါတယ်လို့​ ​ဒေါက်တာမြတ်ဥာဏစိုး​က ​ဖြေဆိုပါတယ်။

အ​မေရိကန် ​ဒေါ်လာသန်း​ပေါင်း​များ​စွာ တန်ဖိုး​ရှိတဲ့​ သဘာဝဓာတ်​ငွေ့​ ပြည်ပတင်ပို့​ ​ရောင်း​ချရ​ငွေ၊​ ​ကျောက်မျက်ရတနာ ​ရောင်း​ချရ​ငွေ၊​ ​နေပြည်​တော် ​ဆောက်လုပ်​ရေး​ အသုံး​စရိတ်ရှင်း​တမ်း​တွေကို​တော့​ လွှတ်​တော် ကိုယ်စား​လှယ်​တွေကို ချပြခြင်း​ မရှိ​သေး​ပါဘူး​။

ဒီ​ငွေ​ကြေး​တွေနဲ့​ ပတ်သက်လို့​ ​နောက်ဆက်တွဲ ကြိုး​ပမ်း​ချက်ကို​ မေး​ရာမှာ လွှတ်​တော် ၂ ရပ်မှာ ရှိတဲ့​ ​ငွေစာရင်း​ကော်မတီ​တွေက ​ဆောင်ရွက်​နေတယ်လို့​ ​ဒေါက်တာမြတ်ဥာဏစိုး​က ​ဖြေဆိုသွား​ပါတယ်။

“ကိန်း​ဂဏန်း​တွေ အတိအကျ လိုပါတယ်၊​ ​နောက်တခါ စာရင်း​ဇယား​ အတိအကျ လိုပါတယ်။ ဒါ​တွေအတွက်ကို ကျ​နော်တို့​က လွှတ်​တော် ၂ ရပ်မှာ ရှိတဲ့​ ပြည်သူ့​ငွေစာရင်း​ ​ကော်မတီ​တွေ၊​ ​နောက် ပြည်​ထောင်စုလွှတ်​တော် ပြည်သူ့​ငွေစာရင်း​ပူး​ပေါင်း​ကော်မတီက​နေ ဒါကို တာဝန်ခံပြီး​တော့​ ​ဆောင်ရွက်​နေပါတယ်။ လွှတ်​တော်က​တော့​ ဒါကို တွန်း​အား​ပေး​ပြီး​တော့​ ပြည်​ထောင်စု အစိုး​ရအဖွဲ့​ကို ​တောင်း​ဆိုသွား​မှာပါ။ အဲဒီ​တော့​ ဒီစာရင်း​ဇယား​တွေ လွှတ်​တော်ကို ​ရောက်လာတာနဲ့​အမျှ လွှတ်​တော်က​နေပြီး​တော့​ ဒီဟာ​တွေအ​ပေါ်မှာ သုံး​သပ်ချက် အစီရင်ခံစာ​တွေ ပြုစုပြီး​တော့​ ပြည်သူ​တွေကို ထုတ်ပြန်သွား​မှာပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013