DVB Logo
Home
မြန်မာသတင်း
ရှပ်ရှင်အစည်း​အရုံး​အမှု​ဆောင်သစ် ဒီမိုက​ရေစီနည်း​အရ ​ရွေး​ချယ်
DVB
·
March 24, 2012
Donate to DVB

မြန်မာနိုင်ငံမှာ ရုပ်ရှင်အစည်း​အရုံး​အမှု​ဆောင်အဖွဲ့​သစ်ကို အစိုး​ရစွက်ဖက်မှု ကင်း​လွတ်ပြီး​ ဒီမိုကရေစီနည်း​ကျ ​ရွေး​ကောက် တင်​မြှောက်လိုက်ပါတယ်။

ရုပ်ရှင်သရုပ်​ဆောင် လူမင်း​က “​ရွေး​ချယ်တဲ့​စနစ်က ဒီမိုက​ရေစီနည်း​ အတိုင်း​ပါပဲ။ မဲ​ပေး​ပိုင်ခွင့်​ ရှိတဲ့​သူ​တွေကို ကျ​နော် ကြိုတင် ​ကြေညာထား​ပြီး​ပါပြီ။ မဲ​ပေး​မယ်ဆိုရင် ဒီမှာလာပြီး​ မဲကဒ်ပြား​ထုတ်ယူပြီး​ လျို့​ဝှက် ကြိုက်ရာ​ပေး​ပြီး​ မဲပုံး​ထဲ ထည့်​ဖို့​ပါပဲ။” လို့​ ​ပြောပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်း​အရုံး​မှာ ​သောကြာ​နေ့​က ကျင်း​ပတဲ့​ အမှု​ဆောင်သစ် ​ရွေး​ချယ်ပွဲကို မြန်မာရုပ်ရှင်​လောက အလွှာအသီး​သီး​က မဲ​ပေး​နိုင်သူ ၅၀၀ ​လောက်လာတယ်လို့​လည်း​ ဆိုပါတယ်။

“အမှု​ဆောင်သစ် ​ရွေး​ချယ်ဖို့​အတွက် ရုပ်ရှင်​လောကသား​တွေ အား​လုံး​ မဲ​ပေး​ကြတဲ့​နေ့​ပါပဲ။ ရုပ်ရှင် အစည်း​အရုံး​မှာ ဘယ်လိုဖိအား​ပေး​ ဖိတ်​ခေါ်မှုမှ မပါဘဲ ကိုယ့်​ဆန္ဒအရ လာကြတဲ့​ အလွှာစုံက ရုပ်ရှင်​လောကသား​တွေ ​တော်​တော် စုံစုံလင်လင် ​တွေ့​ရပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံရုပ်ရှင်အစည်း​အရုံး​အဖွဲ့​ အမှု​ဆောင်သစ်ကို ဥက္ကဋ္ဌ ဦး​ဇင်ဝိုင်း​၊​ ဒု-ဥက္ကဋ္ဌ ဦး​ညီညီထွန်း​လွင်၊​ ဦး​လူမင်း​၊​ အတွင်း​ရေး​မှူး​အဖြစ် ဦး​ဝင်း​ကြည်၊​ တွဲဖက် အတွင်း​ရေး​မှူး​ ဦး​မျိုး​ဇော်​အောင်၊​ ဦး​ပြူး​၊​ ဘဏ္ဍာ​ရေး​မှူး​အဖြစ် ဦး​ဇော်မင်း​ (မင်္ဂလာ)၊​ စာရင်း​စစ် ဦး​ဖုန်း​မော်၊​ ဦး​ဇော်မင်း​(ဟံသာ​မြေ)၊​ စည်း​ရုံး​ရေး​မှူး​အဖြစ် ဦး​အရိုင်း​၊​ ​ဒေါ်မတူး​၊​ ပြန်ကြား​ရေး​မှူး​အဖြစ် ဦး​အေး​ကြူ​လေး​နဲ့​ ဦး​ကျော်တို့​ကို ​ရွေး​ချယ် တင်​မြှောက် ဖွဲ့​စည်း​လိုက်တာပါ။

အမှု​ဆောင်သစ် ​ရွေး​ချယ်ပွဲမှာ ဆန္ဒမဲ​ပေး​ခဲ့​တဲ့​ ဒါရိုက်တာ ​မောင်မျိုး​မင်း​ ရင်တွင်း​ဖြစ် က​တော့​ ဒီ​နေ့​ ဆန္ဒမဲ​ပေး​ပွဲမှာ လွတ်လပ်ပြီး​ တရား​မျှတ​ပေမယ့်​ မဲဆွယ်စည်း​ရုံး​လုပ်တာ​တွေ ရှိတယ်လို့​ ဒီဗွီဘီကို ​ပြောသွား​ပါတယ်။

“ကျ​နော်တို့​က မဲဆွယ်စည်း​ရုံး​တဲ့​ ကိစ္စ​တွေ ဘာမှ မလုပ်ကြဘူး​လေ။ ဥပမာ ကိုညီတို့​ဆိုလည်း​ ဘာမှလည်း​ မလုပ်ဘူး​။ သူ့​ဟာသူ အား​လည်း​ မအား​တာ။ တချို့​ကကျ​တော့​ နည်း​နည်း​ စည်း​ရုံး​သိမ်း​သွင်း​တာ​လေး​တွေ ရှိတယ်​ပေါ့​နော်။ ဥပမာ မဲဆိုတာက ကျ​နော်တို့​က ဒီအတိုင်း​ပဲ ကိုယ်က ​ကောင်း​အောင်လုပ်တယ် ကိုယ့်​ကို ​ပေး​ပါလို့​ မ​ပြောဘူး​။ ကိုညီထွန်း​ လွင်တို့​ဆိုရင် အဲလိုမျိုး​နဲ့​ ရသွား​တာ။ တချို့​ကျ​တော့​လည်း​ ကိုယ့်​ကို ​ပေး​ကြပါဆိုပြီး​ နည်း​ပေါင်း​စုံနဲ့​ စည်း​ရုံး​ကြတာကို ကြား​ရတယ်။”

အရင်တုန်း​က ပြန်ကြား​ဝန်ကြီး​ဌာနက ကိုယ်စား​လှယ်​တွေကိုသာ ရုပ်ရှင်အစည်း​အရုံး​ အမှု​ဆောင် အဖြစ် ​ရွေး​ချယ်ခဲ့​တာပါ။ ဒီလို ကိုယ်တိုင် ကိုယ့်​ကိုဦး​ဆောင်မယ့်​ အမှု​ဆောင် သစ်​တွေကို ​ရွေး​ချယ်လိုက်တဲ့​အတွက် ဒီအမှု​ဆောင်သစ်ဟာ ရုပ်ရှင်​လောကသား​တွေအတွက် အရင်ကထက် ​ဆောင်ကျဉ်း​ပေး​နိုင်မယ်လို့​ အများ​က ယူဆ​နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013