DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ ကျင်းပမည်
DVB
·
September 26, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုပြပွဲကို လာမယ့်နှစ်အတွင်း ပြုလုပ်သွားဖို့ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA  ဧရာဝတီတိုင်း ညွန်ကြားရေးမှူးဦးစိုးအောင်က ပြောပါတယ်။

လက်ရှိမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် ဘယ်နေရာမှာ ဘယ်လိုလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံသင့်တယ်၊ အကျိုးအမြတ်က ဘယ်လို၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ကို ဘယ်က ရရှိနိုင်မယ်၊ မြေဈေးတွေက ဘယ်လိုဆိုတဲ့ သတင်းအချက်အလက်တွေ လေ့လာဆန်းစစ်မှုတွေ မရှိတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေကိုယ်တိုင် ပြုလုပ်နေရပြီး အများစုက မလုပ်နိုင်တဲ့အတွက် ပြန်သွားတာတွေ ရှိနေပါတယ်။

ဒါကြောင့် တိုင်းဒေသကြီးအစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် one stop service ပုံစံမျိုး ဆောင်ရွက်နိုင်အောင် လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေတယ်လို့လည်း DICA ညွှန်ကြားရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကို တင်ပြထားတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၈ ခုရှိပြီး မကြာခင်မှာ ခွင့်ပြုဖို့အခြေအနေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013