DVB Logo
Home
မြန်မာသတင်း
၈၈၈၈ အင်အား​စုများ​ ​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​မည်
DVB
·
March 23, 2012
Donate to DVB

ကျောင်း​သား​ခေါင်း​ဆောင် ကိုကိုကြီး​အပါအဝင် ၈၈ မျိုး​ဆက် အင်အား​စု​တွေဟာ ​ရွေး​ကောက်ပွဲ​စောင့်​ကြည့်​လေ့​လာမှု ကွန်ရက်ကို ဖွဲ့​စည်း​လိုက်ပြီး​ ဒီ​နေ့​ မတ် ၂၃ ရက်​နေ့​ကစလို့​ ​ရွေးကောက်ပွဲဆိုင်ရာ သတင်း​အချက်အလက်​တွေကို ဖြန့်​ဝေသွား​မယ်လို့​ ​ကြေညာလိုက်ပါတယ်။

ကြား​ဖြတ် ​ရွေး​ကောက်ပွဲ ကျင်း​ပဖို့​ တပတ်အလိုမှာ ထုတ်ပြန်ခြင်း​ ဖြစ်ပြီး​ လာမယ့်​ ကြား​ဖြတ်​ရွေးကောက်ပွဲမှာ လွတ်လပ်တဲ့​ အရပ်ဘက် အဖွဲ့​အစည်း​တရပ် အ​နေနဲ့​ ဘက်လိုက်မှုကင်း​ကင်း​နဲ့​ ​စောင့်​ကြည့်​လေ့​လာမယ်လို့​ ​ကြေညာချက်က ​ဖော်ပြပါတယ်။

လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲကို ​စောင့်​ကြည့်​ ​လေ့​လာခွင့်​ပေး​ဖို့​ နိုင်ငံတကာရဲ့​ ​တောင်းဆိုချက်ကို အစိုး​ရက လိုက်​လျောမှု တချို့​ ​ပေး​ခဲ့​ပြီး​တဲ့​နောက် ပြည်တွင်း​အင်အား​စု​တွေထဲက ကျယ်ကျယ်ပြန့်​ပြန့်​ ​စောင့်​ကြည့်​မယ့်​ အဖွဲ့​တခု ဖြစ်ပါတယ်။

အဲဒီကွန်ယက်ဟာ ၁၉၈၈ ခုနှစ် သမိုင်း​ဝင် လူထုအုံကြွမှုကြီး​က​နေ ​ပေါ်ထွန်း​လာတဲ့​ လူ့​အဖွဲ့​အစည်း​ရဲ့​ ​ခေါင်း​ဆောင်​တွေနဲ့​ ဖွဲ့​စည်း​ထား​တာ ဖြစ်တဲ့​ အတွက် ကွန်ရက်ဟာ နိုင်ငံအနှံ့​ ကျယ်ကျယ်ပြန့်​ပြန့်​ ​စောင့်​ကြည်နိုင်လိမ့်​မယ်လို့​ ဆိုပါတယ်။

ရွေး​ကောက်ပွဲအကြိုကာလမှာ သက်ဆိုင်ရာ နယ်​မြေ​တွေမှာရှိတဲ့​ ​ရွေး​ကောက်ပွဲ​စောင့်​ကြည့်​ရေး​ ကွန်ရက်​တွေနဲ့​ ချိတ်ဆက် ​ဆောင်ရွက်သွား​မယ်လို့​ ဆိုပါတယ်။

အဲဒီကွန်ရက်အဖွဲ့​ရဲ့​ ​ပြောခွင့်​ရသူ တဦး​ဖြစ်တဲ့​ ကိုလှမျိုး​နောင်က ပါတီစွဲ၊​ ပုဂ္ဂိုလ်စွဲ မဟုတ်ဘဲ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဂုဏ်သိက္ခာ မြင့်​မား​ရေး​အတွက် ကွန်ရက်က ​ဆောင်ရွက်မှာပါလို့​ ​ပြောပါတယ်။

“ကြား​ဖြတ်​ရွေး​ကောက်ပွဲ တရား​မျှတ၊​ လွတ်လပ် သန့်​ရှင်း​မှုက မြန်မာနိုင်ငံရဲ့​ ဒီမိုက​ရေစီအသွင် ကူး​ပြောင်း​ရေး​ အ​ပေါ်မှာ ဂုဏ်သိက္ခာ မြင့်​မား​စေလိမ့်​မယ်။ နိုင်ငံတကာရဲ့​ ယုံကြည်မှုကို တိုး​ပွား​စေမယ်။ ပြည်သူလူထုရဲ့​ ပူး​ပေါင်း​ ​ဆောင်ရွက်မှုကို မြင့်​မား​လာလိမ့်​မယ်လို့​ ယုံကြည်တယ်။ ကျ​နော်တို့​က ပါတီတခုခု ​အောင်နိုင်​ရေး​အတွက် ပူး​ပေါင်း​ပါဝင်တဲ့​ သ​ဘောမျိုး​ မဟုတ်ဘူး​။ ကျ​နော်တို့​က ​ရွေး​ကောက်ပွဲကြီး​ တခုလုံး​ တရား​မျှတ၊​ လွတ်လပ်၊​ သန့်​ရှင်း​ရေး​ကို ဦး​တည်တာပါ။”

ဒီလို ​စောင့်​ကြည့်​လေ့​လာမှု​တွေကို ဂျာနယ်​တွေ၊​ အွန်လိုင်း​ မီဒီယာ​တွေ ကိုလည်း​ ​စောင့်​ကြည့်​မှာ ဖြစ်သလို သတင်း​သမား​တွေ၊​ ပါတီ​တွေ၊​ တသီး​ပုဂ္ဂလ ကိုယ်စား​လှယ်​လောင်း​တွေကိုလည်း​ သတင်း​ဖလှယ်မှု​တွေ လုပ်မယ်လို့​ ဆိုပါတယ်။

အဲဒီကွန်ရက်ဟာ ​ရွေး​ကောက်ပွဲ (အကြို၊​ ကျင်း​ပ၊​ ပြီး​ဆုံး​) ကာလ ၃ ပါး​စလုံး​ကို ​စောင့်​ကြည့်​ အကဲခတ်မှာဖြစ်ပြီး​ ဗဟိုကွပ်ကဲ​ရေး​အဖွဲ့​ ​ရွေး​ကောက်ပွဲဆိုင်ရာ သုံး​သပ်ချက်​တွေကိုလည်း​ ထုတ်ပြန် သွား​မယ်လို့​ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013