DVB Logo
Home
မြန်မာသတင်း
အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများအား ရှုတ်ချပွဲ ရွှေဘိုမြို့၌ကျင်းပ
DVB
·
September 26, 2017
အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများအား ရှုတ်ချပွဲ ရွှေဘိုမြို့၌ကျင်းပ
1 / 6
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် ၅ရပ်ကွက်၊ ရန်မျိုးအောင်ကွက်သစ်၊ မြင်းပြိုင်ကွင်းမှာ အမျိုးသားရေးလှုပ်ရှားသူတွေကဦးဆောင်ပြီး အစွန်းရောက်ဘင်္ဂလီအကြမ်းဖက် ရှုတ်ချပွဲကို ဒီကနေ့မနက်  ပြုလုပ်နေပါတယ်။

ဒီပွဲမှာ အဆိုတော် ဒေါ်လီလီနိုင်ကျော်၊ စာရေးဆရာ အမတ်ဒိန်၊ မျိုးချစ်ပြည်သူ ဒေါ်မြတ်စုမွန်နဲ့ မြို့ခံစာရေးဆရာ ဦးအောင်ဘုန်းညို တို့က ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့အနေနဲ့ ဟောပြောခဲ့ကြပါတယ်။

ဒီအကြမ်းဖက်မှုရှုတ်ချပွဲကို ရွှေဘိုမြို့ မြို့ထောင့်စေတီဝင်းအတွင်းပြုလုပ်ဖို့စီစဉ်ခဲ့ပေမယ့် ဘုရားပွဲဈေးသည်တွေ မပြန်သေးတာကြောင့် အခုနေရာကိုပြောင်းရွှေ့လုပ်ရတာဖြစ်တယ်လို့ ပွဲစီစဉ်သူတဦးက ဆိုပါတယ်။ ပွဲမှာ သရုပ်ဆောင်နေထက်လင်းလည်း လာရောက်ဟောပြောဖို့ စီစဉ်ခဲ့ပေမယ့် မအားတာကြောင့် မလာဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။

ဒီဟောပြောပွဲကို အမျိုးသားရေးလှုပ်ရှားတဲ့ ရဟန်းသံဃာအချို့နှင့် ရွှေဘိုမြို့အနီးက အမျိုးသားရေးစိတ်ဝင်စားသူတွေအပြင် ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်၊ ကသာခရိုင်၊ ကျွန်းလှခရိုင် တို့က အမျိုးသားရေးလှုပ်ရှားသူတွေလည်း လာရောက်ခဲ့ပြီး စုစုပေါင်း အင်အား ၃ ထောင်ခန့် ဟောပြောပွဲကို တက်ရောက်ခဲ့ကြပါတယ်။

ဒီကန့်ကွက်ပွဲမှာ ကိုဖီအာနန်ကော်မရှင်ရဲ့အစီရင်ခံစာကို ကန့်ကွက်တာ၊ ယန်ဟီးလီရဲ့ အကြံပြုချက် ဒို့လက်မခံ၊ ၁၉၈၂ နိုင်ငံသားဥပဒေကို ကာကွယ်ရေး၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ပါ စတဲ့ ဗီနိုင်းဆိုင်းဘုတ်တွေနဲ့ ကြွေးကြော်ခဲ့ကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013