DVB Logo
Home
မြန်မာသတင်း
မိဘအကြွေးမပေးနိုင်၍ ကြွေးရှင်က ကလေးနှစ်ဦးကိုရိုက်နှက်ရာက တဦးသေဆုံး
DVB
·
September 26, 2017
မိဘအကြွေးမပေးနိုင်၍ ကြွေးရှင်က ကလေးနှစ်ဦးကိုရိုက်နှက်ရာက တဦးသေဆုံး
Donate to DVB

 

ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်ထဲမှာ မိဘတွေက အကြွေးမပေးနိုင်လို့ ထွက်ပြေးသွားပြီး ကြွေးရှင်က ကျန်တဲ့ကလေး ၂ ယောက်ကို ရိုက်နှက်နှိပ်စက်တဲ့အတွက် ကလေးငယ်တဦး သေဆုံးကာ တဦးကိုတော့ ဆေးရုံတင်လိုက်ရပါတယ်။

မိုင်းပန်မြို့နယ် နမ့်တိန်းအုပ်စု မိုက်ကွမ်းရွာထဲမှာ ကလေးသေဆုံးမှု ဖြစ်ပွားကြောင်း အန်အယ်လ်ဒီ ရပ်ကျေးဥက္ကဋ္ဌက စက်တင်ဘာ ၂၄ ရက် မနက် ၆ နာရီလောက်က အကြောင်းကြားလာတဲ့အတွက် ရဲစခန်းကို တိုင်ကြားပြီး စခန်းမှူး၊ နယ်ထိန်း၊ မြို့နယ်မှူးတို့နဲ့အတူ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့ မိုင်းပန် အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးတင်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။

“အခင်းဖြစ်တဲ့နေရာကို ကျနော်တို့လိုက်သွားတော့ မိုင်းပန်နဲ့ ၂ မိုင်လောက်ဝေးတဲ့ မိုက်ကွမ်းကျေးရွာအနီးမှာ လမ်းပြင်လုပ်သားအဖွဲ့ နေထိုင်တဲ့ တဲတန်းလျားလေး တွေ့ရပါတယ်။ အဲဒီမှာ တကိုယ်လုံးညိုမည်းပြီး ခေါင်းမှာလည်း ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၇ နှစ်အရွယ် ကလေးမလေးကို တွေ့တယ်။ ဒါနဲ့ အဲဒီတဲထဲမှာရှိတဲ့ မိန်းမတယောက်နဲ့ ယောက်ျားတယောက်ကို မေးတော့ ခင်သန်းဌေးဆိုတဲ့ အမျိုးသမီးက ကျမရိုက်တာလို့ပြောတယ်။ ဘာနဲ့ရိုက်လဲဆိုတော့ ဝါးခြမ်းပြားနဲ့တဲ့၊ ဘာဖြစ်လို့ရိုက်သလဲဆိုတော့ ဒီကလေးရဲ့ အဖေ အမေတွေက ကျမကို ပိုက်ဆံပေးစရာရှိတာ မပေးဘဲ ကလေးတွေထားခဲ့ပြီး ထွက်ပြေးသွားလို့တဲ့၊ အဲလိုပဲဖြေပါတယ်။”

ဒါ့အပြင် နောက်ထပ်ကလေးတယောက်ကိုလည်း လူမဆန်စွာ ရိုက်နှက်ထားကြောင်း ဒေသခံတွေက ပြောတဲ့အတွက် သေဆုံးသူ မဖူးဖူးရဲ့ မောင်ဖြစ်သူ အသက် ၃ နှစ်ရွယ် ကလေးကိုပါ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ အဲဒီကလေးမှာလည်း မျက်ကွင်းတွေညိုနေပြီး ခြေထောက်နဲ့ နောက်ကျောမှာ အရိုက်ခံရတဲ့ အရှူိးရာတွေ တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီနောက် သူတို့အဖွဲ့နဲ့ ပါသွားတဲ့ ရဲတပ်ဖွဲ့က မခင်သန်းဌေးကို တပါတည်း ဖမ်းဆီးခေါ်ဆောင်လာပြီး သေဆုံးတဲ့ ကလေးအလောင်းနဲ့ ဒဏ်ရာရတဲ့ ကလေးငယ်ကိုလည်း မိုင်းပန်ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဆေးရုံမှ လိုအပ်တဲ့ ဆေးစစ်ချက်တွေ ဆောင်ရွက်ပြီးတာကြောင့် မဖူးဖူးရဲ့အလောင်းကို  မနေ့ နေ့ခင်းကပဲ လူမှုကူညီရေး အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ သင်္ဂြိုဟ်ပေးခဲ့ပြီး ထွက်ပြေးနေတဲ့ မိဘတွေကိုတော့ ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်း ရှာဖွေနေဆဲပဲလို့ ဦးတင်ခိုင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013