DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းမှ အခမဲ့နားဆင်နိုင်သည့် အဆိုတော် ပိုပို၏ သီတင်းကျွတ်မီးထွန်းပွဲတော် သီချင်းသစ်
DVB
·
September 26, 2017
အွန်လိုင်းမှ အခမဲ့နားဆင်နိုင်သည့် အဆိုတော် ပိုပို၏ သီတင်းကျွတ်မီးထွန်းပွဲတော် သီချင်းသစ်
Donate to DVB

 

    သီတင်းကျွတ်မီးထွန်းပွဲတော်လို့ အမည်ပေးထားတဲ့ သီချင်းသစ်တပုဒ်ကို အဆို တော်ပိုပိုက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှ အခမဲ့ နား ဆင်နိုင်စေဖို့ မျှဝေပေးထားပါတယ်။

    စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းက မျှဝေခဲ့တဲ့ ဒီသီချင်းကို  သူကိုယ်တိုင် ရေးစပ်ထားပြီး စန္ဒီမြင့်လွင်က အားဖြည့်သီဆိုပေးထားပါတယ်။

    အဆိုတော် ပိုပိုက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ “Download link လေး ပါ နားထောင်လို့ရပါပြီ  😍 🔊 နားထောင်ရင်း သီတင်းကျွတ် ကလေးဘဝကို ပြန် ရောက် အလည်သွားနိုင်ပါတယ်”လို့ ရေးထားခဲ့တာကို တွေ့ရပါတယ်။

    ဒီသီချင်းကို အမ်တီဗွီအနေနဲ့လည်း ရိုက်ကူးထားပြီး တခွေကို ၇၀၀ ကျပ်နဲ့ The Sun Music Production ကနေ တနိုင်ငံလုံးကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဖြန့်ချိ သွားမယ်လို့ ဆိုပါတယ်။

    “ငယ်ငယ်တုန်းကလို ပျော်စရာ ကလေးဘ၀ကို ပြန်လည်ကာ သတိရပါတယ်… အပူအပင် ကင်းမဲ့တဲ့ ပူဆာသလိုရခဲ့တဲ့ ဟိုအချိန် ငါကလေးဘ၀မို့… ငါလွမ်းတယ်… ရေး… တခါပြန်ရချင်ဖူးတယ်”စတဲ့ သီချင်းစာသားတွေနဲ့အတူ စန္ဒီမြင့်လွင်ရဲ့ “သီတင်း ကျွတ်ကျောင်းပိတ်ရက်ဆို တို့တတွေပျော်လွန်းသည်… ဆရာတွေကို ကန်တော့မည်… ဆရာမက လိမ်လိမ်မာမာနေပါတဲ့… ကျောင်းပိတ်ရက်တွေ ကြည်နူးစရာကလေးဘ၀… အမှတ်တရ အဖြစ်ကလေးများ… ဗျောက်အိုးတွေ ဖောက်မယ်… ငရဲမီးတွေဆော့မယ်… ဖယောင်းတိုင်တွေ ထွန်းမယ်… လူကြီးတွေကို ကန်တော့မယ်… ပြီးရင် မုန့်ဖိုးများများ တောင်းပြီး မီးပုံးပျံတွေလွှတ်တယ်”စတဲ့ စာသားတွေနဲ့ မြူးကြွတဲ့ သီချင်းလေးကို အောက်ပါလင့်ခ်မှ တဆင့် ဒေါင်းလုဒ်ရယူ နားဆင်နိုင်ပါတယ်။

ဒေါင်းလုဒ်လင့်ခ် -

https://my.pcloud.com/publink/show?code=XZ5ha77Zswo3WUKtVekTzHRUrwCKt7pan3E7

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013