Homeရွေးကောက်ပွဲ
နေပြည်တော် ဇဗ္ဗူသီရိမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများရှိ
နေပြည်တော် ဇဗ္ဗူသီရိမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများရှိ
DVB
·
March 23, 2012

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ထဲမှာရှိတဲ့ တချို့ရွာတွေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆိုင်းဘုတ်တင်ပွဲ၊ ဟောပြောပွဲ သွားရောက် နားထောင်သူတွေကို ပြိုင်ဘက်ကြံ့ခိုင်ရေးပါတီက ခြိမ်းခြောက်တာတွေ ရှိတယ်လို့ အန်အယ်လ်ဒီ ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။
ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပြီး သိက္ခာချတဲ့ လုပ်ရပ်တွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

- နေပြည်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်စည်းရုံးရေး ဟောပြောစဉ်
“လူပုဂ္ဂိုလ်ကို ထိခိုက်စေတယ်၊ လူပုဂ္ဂိုလ်ကို ရှုတ်ချတဲ့ ဟာမျိုးတွေ၊ စာရွက်စာတမ်းတွေ ဖြန့်ဝေတာတွေ၊ စီဒီ ဖြန့်တာတို့ တော်တော်ကို ဆိုးဆိုးဝါးဝါးကို လုပ်နေတဲ့ဟာက အခု ရွေးကောက်ပွဲ နီးလာတဲ့ နောက်ဆုံး သီတင်းပတ်တွေမှာ ပိုပြီးတော့ ပြင်းထန်လာတာကို တွေ့ရတယ်။”
ဒီ့အတွက် သက်ဆိုင်ရာကော်မရှင်ကို ကန့်ကွက် တိုင်ကြားထားတယ်လို့ ဆိုပါတယ်။ နေပြည်တော်တိုင်းဒေသကြီး ပုဗ္ဗသီရိမြို့နယ်မှာ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ် ၂ ဦး ဝင်ရောက် အရွေးခံကြမှာ ဖြစ်ပြီး၊ အဲ့ဒီမြို့နယ်ထဲ မဲပေးနိုင်သူပေါင်း ကတော့ လောလောဆယ် စာရင်းအရ ၅ သောင်း ၂ ထောင်ကျော် ရှိပါတယ်။ ဒီထဲ ဝန်ထမ်းက ၃ သောင်းလောက် ရှိနေပါတယ်။











