DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းတံတားတိုင်ကို တိုက်မိသည့် အပျော်စီးသင်္ဘောမောင်းသူကို အမှုဖွင့်
DVB
·
September 25, 2017
ချင်းတွင်းတံတားတိုင်ကို တိုက်မိသည့် အပျော်စီးသင်္ဘောမောင်းသူကို အမှုဖွင့်
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် အလုံချင်းတွင်းတံတားတိုင်ကို တိုက်မိတဲ့ အပျော်စီးသင်္ဘောမောင်းသူကို ရဲစခန်းက စက်တင်ဘာ ၂၄ ရက်နေ့မှာ အမှုဖွင့်လိုက်ပါတယ်။

မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း Myanmar Cruises Ltd ရဲ့ အစီအစဉ်နဲ့ နိုင်ငံခြားသားတွေကို လေ့လာရေးပို့ဆောင်ပေးနေတဲ့ အပျော်စီးသင်္ဘော RV Orcaella ရေယာဉ်အမှတ် ၈၇၂၃ က စက်တင်ဘာ ၂၂ ရက်နေ့ က မင်းကင်းကနေ မုံရွာကို စုံဆင်းလာစဉ် အလုံချင်းတွင်းတံတား(မုံရွာ) တိုင်အမှတ် P-4 ကို အရှိန်မထိန်းနိုင်ဘဲ ပွတ်တိုက်မှုဖြစ်ပေါ်ခဲ့ပါတယ်။

သင်္ဘောပွတ်တိုက်မှုကြောင့် သင်္ဘောခါးလယ်ဘေးကုန်းပတ် ခန့်မှန်းတန်ဖိုး ၇၅ သိန်းဖိုးလောက် ပျက်စီးခဲ့ပြီး တံတားတိုင်မှာတော့ အင်္ဂတေ အနည်းငယ်ပွန်းပဲ့မှုဖြစ်ပေါ်ခဲ့ပါတယ်။

သင်္ဘောမတော်တဆဖြစ်မှုကြောင့် သင်္ဘောပေါ်ပါလာတဲ့ သင်္ဘောဝန်ထမ်း ၁၂ ဦးမှာ ထိခိုက်ဒဏ်ရာတွေ အသီးသီးရရှိခဲ့တာကြောင့် အလုံရဲကင်းစခန်း ဒုရဲအုပ်မင်းမင်းထွန်းက တရားလိုပြုလုပ်ပြီး မုံရွာမြို့မစခန်းမှာ စက်တင်ဘာလ ၂၄ ရက်နေ့က အမှုဖွင့်တိုင်တန်းခဲ့တာပါ။

သင်္ဘောမတော်တဆဖြစ်တာကြောင့် သင်္ဘောပေါ်ပါတဲ့ အမျိုးသား ၁၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့မှာ ခါး၊ ပေါင်၊ ခြေထောက်၊ လက်တို့မှာ အသက်အန္တရာယ်စိုးရိမ်စရာ မရှိတဲ့ ဒဏ်ရာတွေ အသီးသီးရရှိခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သင်္ဘောနှင့် သင်္ဘောဝန်ထမ်းတွေထိခိုက်ဒဏ်ရာရအောင် သင်္ဘောကို ပေါ့ဆစွာ မဆင်မခြင်မောင်းနှင်သူ ရေယာဉ်အုပ် သင်္ဘောကပ္ပတိန် ဦးသိန်းထွန်းကို မုံရွာမြို့မရဲစခန်းက ၂၈၀/ ၃၃၇ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။

အခုလို အမှုဖွင့်ခံရတာနဲ့ ပတ်သက်လို့ သင်္ဘောကုမ္ပဏီနဲ့ သင်္ဘောကပ္ပတိန်ဖြစ်သူကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013