DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း၌ ရေကြီးရေလျှံမှုများကြောင့် သီးနှံစိုက်ဧက ၃၉၀၀၀ ကျော်ပျက်စီး
DVB
·
September 25, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ် ၃၁ မြို့နယ်မှာ အခုနှစ်အတွင်း မိုးကြီးရေလျှံတာတွေကြောင့် ရာသီပေါ်သီးနှံ၊ နှစ်ရှည်သီးနှံတွေ အပါအဝင် စိုက်ပျိုးမြေဧက ၃၉၀၆၈ ဧက ပျက်စီးခဲ့တယ်လို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက စာရင်းတွေအရ သိရပါတယ်။

ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလတွေအတွင်း မိုးရွာသွန်းပြီး ချောင်းရေ၊ မြစ်ရေ ရေကြီးရေလျှံတာတွေကြောင့် မြို့နယ် ၃၁ မြို့နယ်အတွင်းမှာ သီးနှံအမျိုးအစား ၂၄ မျိုးပျက်စီးခဲ့ပြီး စပါးစိုက်ဧကက ၂၃၁၆၀ ဧကနဲ့ အများဆုံး ပျက်စီးခဲ့ပါတယ်။ အခြားသီးနှံတွေဖြစ်တဲ့ ဆီထွက်သီးနှံ ၁၂၃၂၄ ဧက နှင့် ဒုတိယ၊ ပဲမျိုးစုံ ၂၉၈၈ ဧက၊ အခြားနှစ်ရှည်သီးနှံ ၃၆၀ ဧကနှင့် အခြားရာသီသီးနှံ ၂၃၆ ဧက စုစုပေါင်း စိုက်ပျိုးမြေဧက ၃၉၀၆၈ ဧက ထိခိုက်ပျက်စီးခဲ့တာပါ။

တိုင်းစိုက်ပျိုးရေးဦးစီးဌာနကနေ စက်တင်ဘာလ ၂၂ ရက်နေ့ထိ နောက်ဆုံးရရှိထားတဲ့ စာရင်းတွေအရ အခုနှစ် မိုးရာသီအတွင်း ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးမှုအနေနဲ့ သီးနှံအမျိုးအစား ၂၄ မျိုးမှာ စုစုပေါင်းဧက ၁၆၃၅၈၅ ဧက ရေနစ်မြုပ်ခဲ့ပြီး ၁၄၃၉၀၅ ဧက ပြန်ပေါ်ခဲ့ကာ ထိခိုက်မှုအနေနဲ့ ၈၉၂၇၀ ဧကရှိခဲ့ပြီး လုံးဝပျက်စီးတာကတော့ ၃၉၀၆၈ ဧကရှိခဲ့ပါတယ်။ ပြန်လည်စိုက်ပျိုးမှုအနေနဲ့ ၂၂၃၈၆ ဧက ရှိခဲ့တယ်လို့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

စာရင်းတွေအရ စစ်ကိုင်းတိုင်းအတွင်း ၉ ခရိုင်မှာ ကသာခရိုင်က ၁၄၂၁၃ ဧကနဲ့ ပျက်စီးမှု အများဆုံးရှိခဲ့ပြီး တမူးခရိုင်က ၁၅၁ ဧကနဲ့ အနည်းဆုံး ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာတော့ ဧက ၈၀ ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

အခုလို ထိခိုက်ပျက်စီးမှုတွေနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်/မွေး/သစ်တော ဝန်ကြီး ဦးကမ်ဇာမုံကို ဒီဗွီဘီက မေးမြန်းရာမှာတော့ “စာရင်းတွေက အသေးစိတ်ပြုစုရဦးမယ်။ ပြီးရင် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြမယ်။ ပြီးရင်တော့ ထုံးစံအတိုင်း ဘက်ဂျက်အပေါ် မူတည်ပြီး သီးနှံအမျိုးအစားအလိုက် တောင်သူတွေကို နစ်နာကြေး ပေးအပ်သွားမှာပေါ့”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

သဘာဝဘေးဒဏ်ကြောင့် တောင်သူတွေ ထိခိုက်နစ်နာမှုတွေနဲ့ပတ်သက်ပြီး ပြန်လည် အစားထိုးစိုက်ပျိုးနိုင်အောင် ကူညီထောက်ပံ့ပေးနိုင်အောင် လုပ်ဆောင်နေတာလည်း ရှိတယ်လို့လည်း ဖြေကြားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013