DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကျင်းပမည်
DVB
·
September 25, 2017
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကျင်းပမည်
Donate to DVB

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲတွေကို လာမယ့်မတ်လမှာ အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ကျင်းပသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥပဒေကို လက်ရှိအချိန်မှာ ပြန်လည် ပြင်ဆင်ရေးဆွဲနေရာမှာ ဥပဒေမူကြမ်းကို လာမယ့် ဒီဇင်ဘာလမှာ အပြီးသတ်ရေးဆွဲပြီး လွှတ်တော်မှာ အတည်ပြုချက်ရယူဖို့ရှိနေတာပါ။

ရွေးကောက်ပွဲကိုတော့ မတ်လမှာကျင်းပသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥပဒေမူကြမ်း ပြန်လည်ပြင်ဆင်ရေးဆွဲရေးကော်မတီဝင် ဦးလှဌေးက ပြောပါတယ်။

တတ်သိပညာရှင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ဒီကော်မတီကို တော့ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက ဦးဆောင်ပြီး ဥပဒေမူကြမ်းကို ရေးဆွဲနေတာလည်း ဖြစ်ပါတယ်။

အသစ်ပြန်လည်ရေးဆွဲနေတဲ့ ဥပဒေမူကြမ်းမှာ လက်ရှိစည်ပင်သာယာရေးကော်မတီရဲ့ အုပ်ချုပ်ရေးပုံစံကို ပြောင်းလဲထားပြီး ဖောင်းပွနေတဲ့ ဌာနတချို့ကို ပေါင်းစည်းသွားမှာပါ။ ဒါ့အပြင် အရပ်ဖက်အဖွဲ့အစည်းတချို့ဆီကလည်း အကြံဉာဏ်ရယူသွားမယ်လို့ဆိုပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲကို လူစိတ်ဝင်စားမှုပိုရှိအောင် ပြုလုပ်သင့်သလို ရွေးကောက်ခံကိုယ်စားလှယ်တွေကိုလည်း လုပ်ပိုင်ခွင့်ပိုမိုပေးသင့်တယ်လို့ ကော်မတီဝင်ဟောင်း ဦးဌေးအောင်က  သုံးသပ်ပြောပါတယ်။

အန်အယ်လ်ဒီအစိုးရ တက်လာပြီးနောက်ပိုင်း ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို တစ်နှစ်အတွင်း ပြုလုပ်ပေးမယ်လို့ မြို့တော်ဝန်ကပြောကြားခဲ့ပေမယ့်လည်း အကြောင်း အမျိုးမျိုးကြောင့် မကျင်းပနိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်ကပြုလုပ်ခဲ့ပြီး လူစိတ်ဝင်စားမှု နည်းပါးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013