DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်း ရွှေတူးကွက်တခုတွင် မြေပြို၊ ရွှေတူးလုပ်သား ၃ ဦး သေဆုံး
DVB
·
September 25, 2017
ဟုမ္မလင်း ရွှေတူးကွက်တခုတွင် မြေပြို၊ ရွှေတူးလုပ်သား ၃ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာရှိ ရွှေဥရုအောင် ရွှေတူး လုပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့ ညနေခင်း ၂ နာရီကျော်က မြေပြိုမှုဖြစ်ပွားပြီး ရွှေတူး လုပ်သား ၃ ဦး သေဆုံးသွားပါတယ်။

မြေပြိုပိတ်မိနေသူ ၃ ဦးကို ပြည်သူ့ရဲ၊ အုပ်ချုပ်ရေးမှူးရုံးနဲ့ ရပ်မိရပ်ဖတွေ ၀ိုင်းဝန်းတူးဖော် ရှာဖွေရာမှ  နောက်တနေ့ (စက်တင်ဘာ ၂၃ ရက်) နေ့ခင်းပိုင်းမှာမှ အလောင်းတူးဖော်ရ ရှိတယ်လို့ မိုင်းကိုင်းရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းတဦးက ပြောပါတယ်။

“သူတို့က လက်လုပ်လက်စားတွေပေါ့။ ဂေါ်ကလေးတွေနဲ့ တူးရင်းနဲ့ မြေပြိကျပြီး သေဆုံး သွားတာဗျ။ မြေပိတယ်ဆိုတော့ ပွဲချင်းပြီးသေတာများတယ်။ သူတို့ကို ရဲတွေရော၊ အုပ်ချုပ်ရေးမှူး ရုံးကရော၊ ရပ်မိရပ်ဖတွေရော ၀ိုင်းပြီးရှာတာ ချက်ချင်းမပေါ်ဘူး၊  တူးလိုက် မြေတွေက ပြန်ပြို လာလိုက်နဲ့  နောက်တနေ့မှ အလောင်းရတယ်။”

ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနေ၀င်း ကတော့ သေဆုံးသူ ၃ ဦးမှာ  မင်းကင်းမြို့နယ် လောင်းပြည်ရွာမှ အောင်မျိုးကို (အသက် ၁၇ နှစ်)၊ ဖောင်းပြင်မြို့နယ် မိုးေ ကာင်းရွာမှ သားသားကို (၁၇ နှစ်)နဲ့ ဂန့်ဂေါမြို့နယ် ခေါက်ခူးရွာမှ မောင်ဦးယော (၂၃ နှစ်) တို့ ဖြစ်ကြပြီး  သူတို့အလောင်းကို မနေ့ကဘဲ သဂြိုဟ်လိုက်ပြီလို့ ပြောပါတယ်။

အဲဒီဒေသမှာ အနယ်နယ်အရပ်ရပ်ကလူတွေ  လာရောက်ပြီး လက်ကျင်ရွှေမျော လုပ်ကိုင် နေတာ ရာနဲ့ချီရှိကြောင်း၊  လွန်ခဲ့တဲ့ သုံးလေးလခန့်ကလည်း မြေပြိုမှုဖြစ်ပွားပြီး လူ ၇ ဦး သေဆုံး ခဲ့သေးကြောင်း၊ အခုသေဆုံးသွားတဲ့ လူငယ် ၃ ဦးမှာ တပါးသူရဲ့လုပ်ကွက်ထဲကို ခွင့်ပြုချက်မရဘဲ ၀င်ရောက်တူးဖော်တာကြောင့် နစ်နာကြေး၊ လျော်ကြေးငွေတွေလည်း ရစရာအကြောင်းမရှိဘူးလို့ ဒီဗွီဘီကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013