DVB Logo
Home
မြန်မာသတင်း
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွင် အငှားအိမ်ရာများ တည်ဆောက်နေ
DVB
·
September 25, 2017
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွင် အငှားအိမ်ရာများ တည်ဆောက်နေ
Donate to DVB

 

အစိုးရ၀န်ထမ်းတွေနဲ့ ပြည်သူတွေအတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မှာ အငှားအိမ်ရာတွေ တည်ဆောက်နေတယ်လို့  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

အပြင်မှာ ငှားရမ်းရတဲ့ အိမ်ငှားခဈေးနှုန်းတွေထက် သက်သာစွာနဲ့ ငှားရမ်းနိုင်မယ့် အငှားအိမ်ရာတွေကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ စတင်ဆောက်နေပြီလို့ စက်တင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ စီမံဘဏ္ဍာရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (SME)ကဏ္ဍနဲ့ ဆောက်လုပ်ရေး ကဏ္ဍတို့အတွက် ချေးငွေထုတ်ချေးတာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုတာဖြစ်ပါတယ်။

“ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာ အခန်းပေါင်း ၃၀၀ စီလောက်စပြီးတော့ ဆောက်နေတဲ့အနေအထားရှိပါ တယ်။ ဒါကလည်း နှစ်အလိုက် နှစ်အလိုက် သူ့အစီအမံတွေနဲ့ ဆောက်သွားမှာပါ။ ၃၀၀ စီလောက်က ဈေးနှုန်း ကတော့ မသတ်မှတ်ရသေးပါဘူး။ ဒါပေမယ့် ပြောထားတဲ့အတိုင်းပဲ အပြင်မှာငှားရတဲ့ ဈေးနှုန်းထက် အများ ကြီး သက်သာဖို့ ရှိပါတယ် ” လို့ ဒုဝန်ကြီးဦးမောင်မောင်ဝင်းက ဆိုပါတယ်။

ဝန်ထမ်းတွေအတွက် အငှားအိမ်ရာစနစ်ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီး သာမန်ပြည်သူတွေအတွက်လည်း အငှားအိမ်ယာစနစ်တွေကို ဖော်ဆောင်ပေးဖို့ ရည်ရွယ်ချက်ရှိတယ်လို့လည်း ပြောပါတယ်။

“အဓိကကတော့ အဆောက်အဦဆောက်ချင်ပေမယ့် မြေနေရာ ရရှိမှုအပေါ်မှာလည်း မူတည်သေးပါတယ်။ မြေနေရာရတာကလည်း သွားရေးလာရေး မလွယ်ကူတဲ့နေရာမျိုးဆိုလည်း ဘယ်သူမှလည်း ငှားနေချင်မှာ မဟုတ်ပါဘူး။ အဓိကကတော့ မြေနေရာကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းရှာဖွေပြီးတော့ ရရှိတဲ့အပေါ်မူတည်ပြီးတော့ လုပ်ငန်းကို တိုးချဲ့ပြီးတော့ လုပ်သွားရမယ့် အနေအထားမျိုးရှိပါတယ် ” လို့ ဆိုပါ တယ်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သုံးနေရာမှာ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းတွေ ဈေးနှုန်းသက်သာစွာနဲ့ ငှား ရမ်းနေထိုင်နိုင်အောင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ လကတည်းက တည်ဆောက်ရေးလုပ်ငန်းတွေ စနေပြီလို့ သိရပါတယ်။

အလားတူ အငှားအိမ်ယာစနစ်တွေကို တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ အကောင်အထည်ဖော်သွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013