DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ် အမှိုက်ပုံတွင် ကလေးငယ်တဦးအား စွန့်ပစ်ထား
DVB
·
September 25, 2017
ရေးမြို့နယ် အမှိုက်ပုံတွင်  ကလေးငယ်တဦးအား စွန့်ပစ်ထား
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သီရိခေမာရပ်ကွက်ရှိ အမှိုက်ပုံတပုံမှာ ကလေးငယ်တဦးကို စွန့်ပစ်ထားတယ်လို့ ရေးမြို့မရဲစခန်းက သိရပါတယ်။

ကလေးငယ်ကို ရေးမြို့မရဲစခန်းက တာဝန်ရှိ ရဲအရာရှိတွေက မီးရှို့သင်္ဂြိုဟ်ခဲ့ရပြီး စက်တင်ဘာ ၂၄ ရက်၊ မနက် ၁၁ နာရီ ခွဲက စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရေးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စိုးမွန်က “ဒီကလေးစွန့်ပစ်မှုနဲ့ပတ်သက်ပြီး ကျနော်တို့ ဆေးရုံကိုပို့လိုက်တယ်။ ဆေးရုံက ဆေးစာအကြောင်းပြန်ကြားလိမ့်မယ်။ လတ်တလောမှာတော့ ဒီကလေးအလောင်းကို ကျနော်တို့ ရဲတပ်ဖွဲ့ကပဲ သင်္ဂြိုလ်လိုက်တယ်” လို့ ဆိုပါတယ်။

ကလေးငယ်မှာ မိခင်ဝမ်းတွင်း ၆ လသားအရွယ် သန္ဓေသားတဦးဖြစ်ပြီး သီရိခေမာရပ်ကွက်၊ ဆင်ရုံကျောင်းအနောက်လမ်းနဲ့ နာရေးအသင်းရုံးလမ်းထောင့်ရှိ အမှိုက်ပုံတပုံမှာ စွန့်ပစ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ရေးမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး စိုးမွန် ဦးဆောင်တဲ့ ရဲတပ်ဖွဲ့က ပိုင်ရှင်အမျိုးသမီးကို အမြန်ဆုံး ဖော်ထုတ်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးနေပြီး အမှုမှန်ပေါ်ပေါက်ပါက သက်ဆိုင်ရာပြည်သူလူထုကို အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပေးသွားမယ်လို့ စခန်းမှူးက ပြောပါတယ်။

သတင်း-အာကာမင်း

ဓာတ်ပုံ- Aung Naing Win

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013