DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီးရိုးနှင့် မော်လမြိုင်ကို နိုင်ငံခြားခရီးသည်များ လည်ပတ်မှု ယခင်ထက်ပိုများ
DVB
·
September 25, 2017
ကျိုက်ထီးရိုးနှင့် မော်လမြိုင်ကို နိုင်ငံခြားခရီးသည်များ လည်ပတ်မှု ယခင်ထက်ပိုများ
Donate to DVB

မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်မှာ နိုင်ငံခြားခရီးသည်တွေ အရင်နှစ်ထက် လာရောက် လည်ပတ်သူ အရေအတွက် များပြားလာခဲ့ကြောင်း ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်းကြားမှု ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

ဟိုတယ်နှင့် ခရီးသွား ညွှန်းကြားမှုဦးစီးဌာနမှ ဦးဟောက်ကျင်မုန်က “ဂျပန်နိုင်ငံမှ ခရီးသွားဧည့်သည်တွေ ၀င်ရောက်လည်ပတ်မှုနည်းပါးနေပြီး အများစုမှာ အလည်အပတ်ခရီးစဉ် အတွက်သာ လာရောက်တာဖြစ်ပါတယ်။ နိုင်ငံခြားခရီးသည်ဝင်ရောက်လာမှုက မနှစ်ကထက် ပိုများတယ်။ အများစုက ကျိုက်ထီးရိုးနဲ့ မော်လမြိုင်ကို လာကြတယ်” ပြောပါတယ်။

ပြည်တွင်းကို လာရောက်လည်ကြတဲ့ နိုင်ငံခြားခရီးသည်အများစုမှာ ထိုင်းနိုင်ငံသားတွေ ဖြစ်ပြီး ပြင်သစ်နှင့် ဗီယက်နမ်နိုင်ငံသားတွေလည်း လာရောက်လည်ပတ်ကြပါတယ်။

ဒါ့အပြင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေဖို့ ချောင်းဆုံ၊ မော်လမြိုင်၊ ကျိုက်ထိုနဲ့ မုဒုံ စတဲ့ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်လေးမြို့နယ်ကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အကူအညီနဲ့ နှစ်ဖက်သဘောတူ ဆောင်ရွက်မယ့် ပရောဂျက်လည်းရှိပြီး မွန်ပြည်နယ် ခရီးသွားပွဲတော်ကိုလည်း မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့အတွက် နိုင်ငံခြားသား ခရီးသည်တွေ လျင်မြန်စွာဝင်ရောက်လာနိုင်ဖို့ ဗီဇာတွေ ဖြေလျော့ပေးတာ၊ ခရီးသည်တွေအတွက် အဆင်ပြေစွာတည်းခိုနိုင်ဖို့ ဟိုတယ်နှင့်တည်းခိုခန်းတွေကိုလည်း လအလိုက်တိုးမြှင့် ဖွင့်လှစ်ခွင့် ပြုထားတယ်လို့ သိရပါတယ်။

နိုင်ငံခြားခရီးသွားဧည့်သည် မွန်ပြည်နယ်ကို လာရောက်လည်ပတ်တဲ့ အရေအတွက်မှာ ၂၀၁၇ နှစ်ဆန်းပိုင်းတွင် ၂၇၁၀၆ ဦးသာရှိခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာ ၆ သောင်းကျော်အထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ-အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013