DVB Logo
Home
မြန်မာသတင်း
ရေးဆိုးရေညစ်အနံ့သက်များထွက်ပေါ်နေမှု အရက်ချက်စက်ရုံလုပ်ငန်းရှင်များနှင့် ပြည်သူများ ဆွေးနွေး
DVB
·
September 25, 2017
ရေးဆိုးရေညစ်အနံ့သက်များထွက်ပေါ်နေမှု အရက်ချက်စက်ရုံလုပ်ငန်းရှင်များနှင့် ပြည်သူများ ဆွေးနွေး
Donate to DVB

ရပ်ကွက်အတွင်း ဖွဲ့ပြာတွေကျရောက်နေမှု၊ ရေဆိုးရေညစ် အနံ့သက်တွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ရွှေပြည်သာစက်မူဇုန်အပိုင်း ၁ ရှိ အရက်ချက်စက်ရုံလုပ်ငန်းရှင်တွေနဲ့ ရပ်ကွက်နေပြည်သူတွေ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။

အရက်ချက်စက်ရုံလုပ်ငန်းရှင်တွေနဲ့ ရပ်ကွက်နေပြည်သူ ၂၀၀ လောက် ရပ်ကွက်ဓမ္မာရုံမှာ စက်တင်ဘာ ၂၄ ရက်က ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာပါ။

လုပ်ငန်းရှင်တဦးဖြစ်သူ ဦးတင်ရွှေက “ခုချိန်မှာ ကျနော်တို့ စက်ရုံတွေ ပိတ်ထားပါတယ်၊ အဲလိုပိတ်ထားတဲ့အတွက် ဝန်ထမ်း ၂၂၀၀ ကျော်ကို ကျနော်တို့ လစာပေးထားရပါတယ်၊ ပိတ်ထားတဲ့အတွက် ကျနော်တို့ လုပ်ငန်းရှင်တွေလည်း နစ်နာတယ်၊ အလုပ်သမားတွေလည်း အခက်အခဲဖြစ်ပါတယ်၊ စက်တင်ဘာ ၂၁ ရက်က သူတို့ဆန္ဒထုက်ဖော်ကြပါတယ်။ ပြီးတော့ကျနော်တို့ တွေ့ဆုံပြီး ဦးဆောင်သူတွေနဲ့ ညှိနှိုင်းဆွေနွေးခဲ့ပါတယ်၊ အဲဒီမှာပြေလည်းခဲ့ပါတယ်။ ကျနော်တို့ အခုရေဆိုးသန့်စင်စက်ရုံကို တည်ဆောက်နေပါတယ်၊ အဲစက်ရုံကလည်း ၆၅ ရာခိုင်နှုန်းပြီးပါပြီ၊ အဲအတွက်အချိန် ၆ လပေးပါလို့ တောင်းဆိုတော့ သူတို့ဘက်ကလည်း သဘောတူပါတယ်။ အခုတွေ့ဆုံရတာကတော့ ရပ်ကွက်အတွင်း ဖွဲပြာတွေကျရောက်နေတယ်ဆိုတော့ ကျနော်တို့ စက်ရုံတွေလည်း ပိတ်ထားတဲ့အတွက် ဒီဖွဲပြာတွေ ဘယ်ကလာတာလဲ ဆိုတာကို အဖြေရှာဖို့နဲ့ ရပ်ကွက်အတွက် လိုအပ်နေတဲ့ ပညာရေးတို့ ကျန်းမားရေးတို့ အတွက်ကျနော်တို့ လုပ်ငန်းရှင်တွေ ဘက်က တတ်နိုင်သလောက် ထောက်ပံ့ပေးဖို့အတွက် ရပ်ကွက်ကပြည်သူတွေနဲ့တွေ့ဆုံရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရပ်ကွက်အတွက် ဦးဆောင်သူ ဦးစိုးမိုးက “ကျနော်တို့ ခံစားခဲ့ရတာ အနှစ် ၂၀ ရှိပါပြီ။ စက်ရုံကထွက်တဲ့ ဖွဲပြာမှုန့်တွေ၊ ရေဆိုးရေညစ်အနံ့အသက်တွေက အရမ်းဆိုးပါတယ်။ ဒါကြောင့် မခံနိုင်လို့ တိုင်ခဲ့တာလည်းကြာပါပြီ။ အခုမှ စက်မူဝန်ကြီးဌာနက စက်ရုံတွေကို ပိတ်ခိုင်းတာပါ။ စက်ရုံ ၅ ရုံကို ၄ ရုံ ပြန်လည်နေတယ်ဆိုလို့ ကျနော်တို့ ဆန္ဒပြခဲ့ကြတာပါ။ ဒါပေမယ့် လုပ်ငန်းရှင်တွေက တွေ့ဆုံခွင့်တောင်းလို့ ကျနော်တို့ သွားတွေ့ခဲ့ပါတယ်။ အဲဒီမှာသူတို့က အခုစက်ရုံပိတ်ထားပါတယ်၊ ရေဆိုးသန့်စင်စက်ရုံတည်ဆောက်နေပါတယ်၊ လိုက်ကြည့်ပါဆို့လို့ ကျနော်တို့ သွားကြည့်တော့ ဟုတ်ပါတယ်၊ စက်ရုံလည်းပိတ်ထားတယ်၊ ရေဆိုးသန့်စင်စက်ရုံလည်း အမှန်တစ်ကယ် တည်ဆောက်နေတာတွေ့လို့ ကျနော်တို့ သူတို့ပြောတဲ့ ၆ လကို စောင့်ပေးဖို့ သဘောတူခဲ့တာပါ။ ကျနော် ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပါဘူး။ ဒါပေမယ့် ကျနော်တို့လည်း အမှန်တကယ်ခံစားနေရတာပါ။ အခုလည်း သူတို့က ကျနော်တို့ ရပ်ကွက်အတွက် အကူအညီပေးချင်လို့ ဆိုပြီးပြောလာတော့ ကျနော်က ရပ်ကွက်က သူတွေနဲ့တွေ့ဆုံပေးတာပါ၊ အဲဒီမှာ သူတို့က ကျနော်တို့ ရပ်ကွက်အတွက် ဓမ္မာရုံအမိုးမျက်နှာကျတ်၊ လုပ်ပေးပါမယ်၊ ရပ်ကွက်စာသင်ကျောင်း အတွက်လည်း ကျောင်းသား ကျောင်းသူတွေရဲ့ ပညာရေးကျန်းမာရေးတို့အတွက် လိုအပ်တာတွေ လုပ်ပေးပါမယ် ပြောသွားပါတယ်။ ကျနော်တို့ကတော့သူတို့ပြောတဲ့ ၆ လကို စောင့်ပေးပါမယ်။ ၆ လပြည့်လို့မှ သူတို့ပြောသလို မလုပ်ပေးဘူးဆိုရင် ကျနော်တို့က လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ရွှေပြည်သာစက်မူဇုန်အပိုင်း ၁ မှာ အရက်ချက်စက်ရုံ ၆ ရုံပိတ်ထားရပြီး အလုပ်သမား  ၂၂၀၀ အလုပ်လက်မဲ့ဖြစ်နေပါတယ်။

ခုချိန်မှာတော့ အရက်ချက်စက်ရုံ လုပ်ငန်းရှင်တွေနဲ့ ရပ်ကွက်နေပြည်သူတွေ ၂ ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ရာ ပြေလည်မှုရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013