DVB Logo
Home
မြန်မာသတင်း
နမ့်စန်တွင် ကိုရင်ကြီးတပါး ပျားတုပ်ခံရ၍ ပျံလွန်တော်မူ
DVB
·
September 25, 2017
နမ့်စန်တွင် ကိုရင်ကြီးတပါး ပျားတုပ်ခံရ၍ ပျံလွန်တော်မူ
Donate to DVB

 

ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ မြို့မကျောင်းတိုက်က ကိုရင်ကြီးတပါး ပျားအကောင်ရေ ရာချီအတုပ်ခံရလို့ စက်တင်ဘာ ၂၄ ရက်မနက်ပိုင်းက ပျံလွန်တော်မူသွားပါတယ်။

သက်တော် ၆၆ ၀ါတော် ၂၃ ၀ါရှိ ကိုရင်ကြီး ရှင်ဥတ္တမ ဆိုသူမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့က နမ့်လတ်ချောင်းမှာ ရေဆင်းချိုးစဉ် အဲဒီအနီးနား ပျားအုံက ပျားတွေဝိုင်းတုတ်တာ ခံခဲ့ရတယ်လို့  နမ့်စန်အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးနေဇော်နိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ကိုရင်ကြီးက တောထဲမှာရှိတဲ့ ရှေးဟောင်း ဘုရားပျက်တွေ လိုက်ပြီး လေ့လာထိန်းသိမ်းတဲ့ ၀ါသနာရှိတယ်။ အဲလို သွားရင်းနဲ့ပဲ အဲဒီနေ့က နမ့်လတ်ချောင်းဘေးနား ၀မ်ပန်မြောက်ကွင်းလို့ ခေါ်တဲ့နေရာနားမှာ ဆည်လေးတစ်ခုရှိတယ်ဗျ၊ အဲဒီဆည်လေးနားမှာ ရေဆင်းချိုးတာ။ ဆင်းချိုးတော့ အဲဒီနားမှာ ပျားအုံကြီးတအုံရှိနေတယ်၊ ကျီးကန်းတွေက ပျံရင်းနဲ့ အဲဒီပျားအုံကို သွားတိုက်မိတယ်၊ သွားတိုက်မိတော့ ပျားတွေပျံဝဲလာပြီး ရေချိုးနေတဲ့ ကိုရင်ကြီးကို ၀ိုင်းတုပ်တာ။ ကိုရင်ကြီးလည်း ပျားတုပ်တဲ့ ဒဏ်ရာနဲ့ အဲဒီနားမှာ လဲနေတော့ မလှမ်းမကမ်းက ယာခင်းထဲမှာရှိတဲ့ ရွာသားတွေ၊ ရပ်ကွက် ၄ အုပ်ချုပ်ရေးမှူးက ခေါ်လာပြီး ဆေးရုံတင်တယ်၊  ဒါပေမယ့် မနေ့ မနက် ၅ နာရီကျော်မှာ  ပျံလွန်သွားပါတယ်။”

ကိုရင်ကြီးကိုကိုက်တဲ့ ပျားအကောင်ရေ အလွန်များတဲ့အတွက် အဆိပ်တွေ တကိုယ်လုံးပျံ့နှံ့ပြီး ပျံလွန်သွားတာဖြစ်ကြောင်း၊ ကိုရင်ကြီးကို ဆေးရုံပို့စဉ် သူ့သင်္ကန်းထဲမှာ ပျားအကောင် ၁၅၀ ကျော် ၂၀၀ နီးပါးတွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။

ပျံလွန်သွားတဲ့ ကိုရင်ကြီးရဲ့ ရုပ်ကလပ်ကို မြို့မကျောင်းတိုက်မှာဘဲ ထားရှိပြီး စက်တင်ဘာ ၂၆ ရက်နေ့ မီးသင်္ဂြိုဟ်မယ်လို့ ဦးနေဇော်နိုင်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013