DVB Logo
Home
မြန်မာသတင်း
ကမ်းပါးပြိုကျနေမှုကြောင့် စစ်တောင်းရေထိန်းတမံ ကျိုးကျမည်ကို ဒေသခံများ စိုးရိမ်
DVB
·
September 25, 2017
Donate to DVB

ညောင်လေးပင်မြို့နယ် ပြင်ရေကြီးကျေးရွာအနီးမှာ စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် အောက်တိုဘာ ၂၄ ရက်နေ့က ကမ်းပါးပြိုလာနေပြီး စစ်တောင်းရေထိန်း တာတမံကျိုးကျသွားနိုင်လို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

စစ်တောင်းမြစ်ရေဟာ ၂၀၁၆ ခုနှစ်က စတင်ကာ ပြင်ရေကြီးကျေးရွာကို ရေတိုက်စားလာခဲ့မှုကြောင့် စစ်တောင်းတာတမံနဲ့ ကမ်းပါးမှာ ပေ ၇၀ လောက်အကွာ ရှိခဲ့ပေမယ့် အခုရက်ပိုင်းအတွင်း ရေတိုက်စားမှုကြောင့် ကမ်းပါးတွေ ပြိုကျလာကာ ရေထိန်းတာတမံတဝက်အထိ ရောက်ရှိလာတာကြောင့် စစ်တောင်းရေထိန်းတာတမံကြီး ကျိုးကျနိုင်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရသလို ကျောင်းသား ကျောင်းသူတွေ သွားလာရာမှာလည်း အန္တရာယ်ဖြစ်မှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကျနော်တို့ ပြင်ရေကြီးကျေးရွာ အ.ထ.က(ခွဲ)မှာ မိုးခိုကျေးရွာအုပ်စုဘက်က ကျောင်းသား ကျောင်းသူ ၂၀၀ ကျော်လောက်က စက်ဘီးနဲ့ ကုန်းကြောင်း ဒီကို ကျောင်းလာတက်ကြတယ်။ လာတက်တဲ့နေရာမှာ အကွေ့လိုမျိုး နေရာမှာ အရှိန်လွန်ပြီး ကမ်းပါးဘေး ကျနိုင်တယ်။ ဒါကြောင့် ကျနော်တို့ ဝါးတန်းတွေနဲ့ ခြံလေးတွေ ကာတယ်။ အောက်လမ်း လုပ်ပေးထားတယ်။ ဒါပေမယ့် ကလေးတွေကို စိတ်မချလို့ ကျေးရွာက လူကြီးတွေ အမြဲလာပြီး စောင့်ကြည့်နေရတယ်” လို့ ဒေသခံ ဦးစိုးညွန့်က ဒီဗွီဘီကို ပြောပါတယ်။

စစ်တောင်းတာတမံ ကျိုးပေါက်သွားခဲ့ပါက ပြင်ရေကြီးကျေးရွာအုပ်စုနဲ့ မိုးခိုကျေးရွာ၊ အင်ကုန်းကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ ရေဖြူကန်ကျေးရွာ ဆွဲဒလွဲကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးလယ်ယာမြေဧက ၁ သောင်းကျော် ထိခိုက်ပျက်စီးနိုင်ပါတယ်။ ဆက်သွယ်ရေး လမ်းပြတ်တောက်ကာ ကျောင်းသား ကျောင်းသူတွေ သွားလာရာရေး အခက်အခဲတွေ ကြုံတွေ့နိုင်သလို့ ညောင်လေးပင်မြို့အထိ ရေလွှမ်းမိုးသွားနိုင်တယ်လို့ သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013