DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ဟိန္ဒူဘာသာဝင်ရုပ်အလောင်း ၂၈ လောင်း တူးဖော်ရရှိ
DVB
·
September 25, 2017
မောင်တောတွင် ဟိန္ဒူဘာသာဝင်ရုပ်အလောင်း ၂၈ လောင်း တူးဖော်ရရှိ
1 / 3
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက် မီတာ ၁၂၀၀ အကွာ မြေကျင်းတွေထဲကနေ ဟိန္ဒူဘာသာဝင်တွေရဲ့ ရုပ်အလောင်း ၂၈ လောင်းကို တူးဖော်ရရှိခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက စက်တင်ဘာ ၂၄ ရက်က ထုတ်ပြန်ပါတယ်။

သေဆုံးသွားတဲ့သူတွေဟာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက သြဂုတ် ၂၅ ရက်နေ့က ဖမ်းခေါ်ဆောင်ပြီး သတ်ဖြတ်လိုက်တဲ့အထဲက ရုပ်အလောင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုပ်အလောင်းတွေထဲမှာ ကလေးငယ်တွေ အပါအ၀င် အမျိုးသား ၂၀ နဲ့ အမျိုးသမီး ၈ လောင်း ပါဝင်ပါတယ်။

အကြမ်းဖက်မှုတွေကြောင့် စစ်တွေကို ရောက်ရှိနေတဲ့ ဟိန္ဒူဘာသာဝင် ဦးနီမောလ်ရဲ့ ပြောပြချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေရာကနေ တွေ့ရှိခဲ့တာလို့ သိရပါတယ်။

အကြမ်းဖက်သမားတွေက  မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာက ဟိန္ဒူဘာသာဝင် ၁၀၀ လောက်ကို ဖမ်းဆီးပြီး အဲဒီထဲကနေ သတ်ဖြတ်လိုက်တဲ့ အလောင်းတွေကို ရှာဖွေ တွေ့ရှိတာလို့ အစိုးရ ထုတ်ပြန်ချက်က ဆိုပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013