DVB Logo
Home
မြန်မာသတင်း
မြို့တော်ခန်းမရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ပြုလုပ်
DVB
·
September 24, 2017
မြို့တော်ခန်းမရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ပြုလုပ်
1 / 5
Donate to DVB

 

နှစ်ပေါင်းများစွာ ဖြစ်ပွားလာခဲ့တဲ့ ပြဿနာတွေအားလုံးကို ဒေါ်အောင်ဆန်းစုကြည်ခေါင်းပေါ် တင်ပေးလိုက်တာဟာ ဒီမိုကရေစီအင်အားစုတွေရဲ့ ခေါင်းပေါ်တင်ပေးလိုက်တာဖြစ်ပြီး ဒီလုပ်ရပ်ကို လက်မခံနိုင်ဘူးလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးက  ပြောလိုက်ပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့က မြို့တော်ခန်းမရှေ့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ လူမျိုးရေး ဘာသာရေးပြသနာတွေ၊ ပြည်တွင်းစစ်တွေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်လာတာတွေဟာ ဒေါ်အောင်ဆန်းစုကြည်အစိုးရ တာဝန်ယူချိန်မှ ဖြစ်ပေါ်လာတာမဟုတ်ဘဲ လွန်ခဲ့တဲ့ အစိုးရအဆက်ဆက်ဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်လို့ ထောက်ပြခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို နိုင်ငံရေးအဖွဲ့အစည်းကလူတွေ၊ ကဗျာဆရာတွေ၊ ကာတွန်းဆရာတွေ ကျောင်းသားတွေနဲ့ မွတ်စလင်အဖွဲ့အစည်းတွေကပါ ပူးပေါင်းပါဝင်ခဲ့ပြီး လူအင်အား ၅၀၀ ကျော် လာရောက်ခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013