DVB Logo
Home
မြန်မာသတင်း
ပထမဆုံး​အလုပ်သမား​ သမဂ္ဂ ဖွဲ့​စည်း​ခွင့်​ တရား​ဝင် တင်သွင်း
DVB
·
March 23, 2012
ပထမဆုံး​အလုပ်သမား​ သမဂ္ဂ ဖွဲ့​စည်း​ခွင့်​ တရား​ဝင် တင်သွင်း
Donate to DVB

တိုင်ရီ အလုပ်သမား​များ​သမဂ္ဂ (သို့​) တိုင်ရီအ​ခြေခံ အလုပ်သမား​များ​ အဖွဲ့​အစည်း​ ဆိုတဲ့​အမည်နဲ့​ အလုပ်သမား​သမဂ္ဂ ဖွဲ့​စည်း​ခွင့်​ ရရှိဖို့​အတွက် သက်ဆိုင်ရာ အာဏာပိုင်​တွေဆီမှာ ဒီ​နေ့​ မှတ်ပုံတင်လိုက်ပါတယ်။

[caption id="attachment_21358" align="alignleft" width="300" caption="တိုင်ရီအလုပ်သမား​များ လစာ တိုး​မြှင့်​ရေး​ အတွက် ဆန္ဒပြစဉ်"][/caption]

ရန်ကုန်တိုင်း​ လှိုင်သာယာမြို့​နယ် စက်မှုဇုန်က တိုင်ရီဖိနပ်က အလုပ်သမား​ ၁၂၆၆ ဦး​ လက်မှတ်ထိုး​ပြီး​ ဒီမနက်မှာပဲ အလုပ်သမား​ ညွန်ကြား​မှုဦး​စီး​ဌာနမှာ သမဂ္ဂဖွဲ့​စည်း​ခွင့်​ကို မှတ်ပုံတင်သွင်း​ လိုက်တယ်လို့​ အလုပ်သမား​ဥပ​ဒေအကြံ​ပေး​ ​ရှေ့​နေ ကိုဖိုး​ဖြူက ​ပြောပါတယ်။

“လှိုင်သာယာ အလုပ်သမား​ညွှန်ကြား​မှု ဦး​စီး​ဌာနမှာ ရှိတဲ့​ မှတ်ပုံတင်ရုံး​၊​ မြို့​နယ်မှတ်ပုံတင်အရာရှိ ဦး​စိုး​ဝင်း​ဆီမှာ တင်သွင်း​ခဲ့​တာ ဖြစ်ပါတယ်။ အဲ့​ဒီက မှတ်ပုံတင်အရာရှိနဲ့​ အလုပ်သမား​တိုင်း​ဦး​စီး​ အရာရှိကလည်း​ ​ပြောပါတယ်။ လူဦး​ရေ အများ​ဆုံး​နဲ့​ ပထမဆုံး​ဖွဲ့​စည်း​တဲ့​ အဖွဲ့​ဖြစ်တယ်။ အလုပ်သမား​ဥပ​ဒေ​တွေရဲ့​ ပြဌာန်း​ချက်​တွေက ခုချိန်ထိ​တော့​ တည်ငြိမ်တာ ​သေချာတာမျိုး​ မဖြစ်​သေး​ပါဘူး​။ အဲ့​လို မဖြစ်​သေး​တဲ့​အတွက် ကျ​နော်တို့​မှာ သမဂ္ဂဖွဲ့​စည်း​ ပြီး​စီး​သည်ထိ တိုင်​အောင် ယုံကြည်ကိုး​စား​စရာ ဥပ​ဒေက​တော့​ အခက်အခဲ ရှိ​နေတုန်း​ပါပဲ။ တဖြည်း​ဖြည်း​ချင်း​တော့​ ဥပ​ဒေ​တွေ ပြဌာန်း​နိုင်​အောင် ဝိုင်း​ကြိုး​စား​ရင်း​ အလုပ်သမား​တွေ ကိုယ်တိုင် စု​ပေါင်း​အ​ရေး​ဆိုရင်း​နဲ့​ နည်း​နည်း​စီ​တော့​ ​အောင်မြင်မယ်လို့​ ထင်ပါတယ်။”

အလုပ်သမား​ဝန်ကြီး​ဌာန တိုင်း​ဦး​စီး​အရာရှိက လက်ခံရရှိ​ကြောင်း​ စာဝင်နံပါတ် ထုတ်​ပေး​လိုက်ပြီး​တော့​ ၁ လအတွင်း​ မှတ်ပုံတင် အရာရှိချုပ်ထံ တင်သွင်း​၍ ဖွဲ့​စည်း​ခွင့်​ ကျ၊​ မကျ သိရှိရမှာ ဖြစ်တယ်လို့​ သူက ​ပြောပါတယ်။

တိုင်ရီ အလုပ်သမား​သမဂ္ဂ ဖွဲ့​စည်း​တာဟာ အလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​ အတွက် တရား​ဝင်ကူညီနိုင်​အောင် ​ဆောင်ရွက်တာလို့​ သမဂ္ဂရဲ့​ ဘဏ္ဍာ​ရေး​မှူး​ မ​ဝေ​ဝေမာက ​ပြောပါတယ်။

“အလုပ်ရှင်နဲ့​ အလုပ်သမား​တွေကို တ​ယောက်နဲ့​ တ​ယောက် ပဋိပက္ခ​တွေ မဖြစ်ပွား​အောင်၊​ အငြင်း​ပွား​မှု မဖြစ်​အောင် ကျမတို့​က ​ဆောင်ရွက်​ပေး​တဲ့​ သ​ဘောပါ။ အခြား​ အလုပ်သမား​တွေ အတွက်လည်း​ ကျမတို့​ အဖွဲ့​အစည်း​က အကျိုး​သက်​ရောက်မယ်ဆိုရင် ကာကွယ်​ပေး​ဖို့​ အဆင်သင့်​ပါပဲ။”

တိုင်း​ပြည်ကို တပ်မ​တော်က အာဏာသိမ်း​တဲ့​ ၁၉၆၀ ပြည့်​လွန် နှစ်​တွေကစလို့​ သမဂ္ဂဖွဲ့​စည်း​ခွင့်​ကို ပိတ်ပင်ခံထား​ရတာဖြစ်ပြီး​ မကြာ​သေး​ခင်ကမှ အလုပ်သမား​သမဂ္ဂ တရား​ဝင်ဖွဲ့​စည်း​ခွင့်​ပြုတဲ့​ ဥပ​ဒေထွက်ရှိခဲ့​တာ ဖြစ်ပါတယ်။ ဒီဥပ​ဒေကိုအ​ကောင်အထည်​ဖော်ဖို့​အတွက် အလုပ်သမား​ ညွန်ကြား​မှုဦး​စီး​ဌာန ညွန်ချုပ် ဦး​ချစ်ရှိန်ကိုပဲ ရာထူး​အသစ်ဖြစ်တဲ့​ မှတ်ပုံတင်အရာရှိချုပ်အဖြစ် ခန့်​အပ် ​ဆောင်ရွက်​စေပါတယ်။

တိုင်ရီဖိနပ်အလုပ်သမား​ ရာ​ပေါင်း​များ​စွာ ပြီး​ခဲ့​တဲ့​လက လုပ်ခလစာ တိုး​မြှင့်​ရေး​ အတွက် အလုပ်မဆင်း​ဘဲ ​တောင်း​ဆိုရာက အလုပ်သမား​သမဂ္ဂတရပ် ထူ​ထောင်​ရေး​ကို တဆင့်​တိုး​ကြိုး​ပမ်း​ ​ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013