DVB Logo
Home
မြန်မာသတင်း
တနိုင်းစစ်ဘေးရှောင်များ ရိက္ခာပြတ်တော့မည်
DVB
·
September 24, 2017
တနိုင်းစစ်ဘေးရှောင်များ ရိက္ခာပြတ်တော့မည်
Donate to DVB

 

ကချင်ပြည်နယ်၊ တနိုင်းမြို့ပေါ်ကိုရောက်ရှိနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ဒီလကုန်လောက် အထိပဲ ရိက္ခာရှိတော့တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

သူတို့တွေ မြို့ပေါ်ကို ပြောင်းလာကာစက နိုင်ငံရေးပါတီတွေနဲ့ အလှူရှင်တွေက ဆန်၊ ဆီ၊ ပဲ စတာတွေလှူဒါန်းခဲ့ပြီး အဲဒါတွေကို ဝေငှစားနေကြရတာပါ။

“သူတို့တွေကို မနက်တိုင်း ဟင်းဖိုးထုတ်ပေးတယ်။ လူ ၁၀၀ ကျော်အတွက် ၄ သောင်းပေး ပါတယ်။ ဒါက အသင်းတော်တွေက အလှူရှာပြီးပေးတာပါ။ တချို့ အသင်းတော်တွေမှာတော့ လူတယောက်အတွက် တရက်စာ ဟင်းဖိုး ငွေ နှစ်ရာ လောက်ပေးနိုင်တယ်။ ဆန်နဲ့ ပဲတွေ ကတော့ လူများတဲ့ အသင်းတော်တွေမှာ ဒီလကုန်လောက်အထိပဲ ရှိတော့မယ်” လို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ကူညီ ကယ်ဆယ်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဆရာနော်တောင်က ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဇွန်လကစပြီး ရွှေနဲ့ ပယင်းမှော်ရှိတဲ့ ဒေသတွေက လူ တထောင်လောက် တနိုင်းမြို့ပေါ်ကို ထွက်ပြေးလာရပြီး ခရစ်ယာန် အသင်းတော်တွေမှာ ခိုလှုံနေရတာပါ။

“ကြာလာရင် အများကြီးစိုးရိမ်စရာရှိတယ်။ ခုကတော့ ဘုရားကျောင်းက ဟောခန်းကြီးမှာ နေကြ တယ်လေ။ တပ်ပိုင်းဆိုင်ရာကတော့ ဒုက္ခသည်အဆောင်တွေဆောက်ဖို့ မကြိုက်ဘူး။ ဘုရားကျောင်း ဝင်းထဲမှာလည်း တဲထိုးနေဖို့ မရတော့ ဟောခန်းကြီးတွေမှာပဲ ရောနှောနေကြရတယ်။ သူတို့တွေ နေရပ်ပြန်နိုင်ရေးကိုလည်း လုပ်နေတယ်။ ဒါပေမယ့် ရွာတွေမှာ စစ်တပ်တွေ ရှိနေရင် ပြန်ဖို့လည်း ကြောက်ကြတယ်” လို့ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်ရဲ့ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ် ဆမ်ဆွန်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ တနိုင်းမြို့ပေါ်က ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်၊ ကက်သလစ် အသင်းတော်၊ ဘုရားသခင်၏အသင်းတော် (Assembly of God)၊ ခရစ်တော်၏ အသင်းတော် (Christ of Church) တွေမှာ နေထိုင်နေကြတာပါ။

စစ်ဘေးရှောင်တွေဟာ နမ်ခမ်၊ နမ့်ကွမ်းနဲ့ အင်ဂါးဂါး စတဲ့ ရွာတွေက ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013