DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့ခံများ အလှူပစ္စည်းနှင့်ငွေများ မောင်တောနေရပ်စွန့်ခွာသူများအား သွားရောက်လှူဒါန်း
DVB
·
September 24, 2017
မြဝတီမြို့ခံများ အလှူပစ္စည်းနှင့်ငွေများ မောင်တောနေရပ်စွန့်ခွာသူများအား သွားရောက်လှူဒါန်း
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ နေရပ်စွန့်ခွာ ပြည်သူတွေကို ကရင်ပြည်နယ် မြဝတီမြို့ခံတွေက ငွေကျပ် သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းနဲ့ ငွေကြေးတွေကို လှူ ဒါန်းခဲ့ကြပါတယ်။

အလှူငွေနဲ့ပစ္စည်းတွေကို ကရင်ပြည်နယ် မြဝတီမြို့ကိုယ်စား ဦးကာ ဦးဆောင်တဲ့အဖွဲ့က သွားရောက်လှူ ဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ရခိုင်ပြည်နယ်မှာ ရှိတဲ့တိုင်းရင်းသားတွေ ဒုက္ခရောက်နေတာ ကိုယ်တွေ့ မျက်မြင် မြင်ချင်လို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဒီမှာတွေ့မြင်ရတာ တကယ်ကိုပဲစိတ်မကောင်းဘူး၊ ဝမ်းလည်းဝမ်နည်း မိပါတယ်၊ ဒီမှာသူတို့သွားလာနေရတဲ့ပုံစံ ကလေးငယ်တွေ၊ မိဘတွေ အများကြီး ကိုယ်ချင်းစာနာမိကြောင်း၊ နယ်စပ်ခြံစည်းရိုးထိရောက်ရှိခဲ့ကာ တကယ်ကို မဖြစ်သင့်တဲ့ အရာတခုဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူတွေ ဒုက္ခရောက်နေတာ မြင်တွေ့ခဲ့ရကြောင်း၊ မြန်မာနိုင်ငံရှိညီအစ်ကို မောင်နှမများလည်း ကိုယ်ချင်းစာနာတတ်ရန်လိုအပ်ကြောင်း၊ မြဝတီမြို့ခံများကိုယ်စား သိန်း ၂၀၀ ကျော်ဖိုးခန့် ပစ္စည်းများကို ဝေဠုကျော် ဖောင်ဒေးရှင်းနဲ့ စစ်တွေမြို့ ပရဟိတခေါင်းဆောင် ကိုဝေဟင်အောင်တို့မှ လက်ခံရယူခဲ့တယ်” လို့ ဦးကာက ပြောပါတယ်။

ရခိုင်ပြည်နယ် ပရဟိတခေါင်းဆောင် စာရေးဆရာ ကိုဝေဟင်အောင်က ပြည်တွင်းပြည်ပ အကူညီတွေနဲ့ ဝေဠုကျော်ဖောင်ဒေရှင်းပူးပေါင်းပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး လုံခြုံရေးအနေနဲ့ အားရကျေနပ်ဖွယ်ရှိကြောင်း၊ ခြံစည်းရိုးကိုလည်း မြန်မြန်ဆန်ဆန် အခိုင်မာတည်ဆောက်နိုင်မယ်လို့ မျော်လင့်ကြောင်း ပြောပါတယ်။

ကိုဝေဠုကျော်က “အဓိကကျနော်တို့ ရွာကိုစွန့်ခွာပြီးမသွားဘဲနဲ့ ကြံ့ကြံ့ခံပြီးနေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေတွေ့ရပြီး လုံခြုံရေးအနေနဲ့ ဒီအောင်သပြေရွာမှာ နယ်ခြားစောင့်တပ် တွေလည်းရှိတယ်၊ ဆန်နဲ့စာရင် အဓိက ငါးခြောက်၊ အာလူး၊ ကြက်သွန် ဟင်းချက်စရာတွေကို စစ်တွေမြို့ စာရေးဆရာ ဝေဟင်အောင်နဲ့ ပူးပေါင်းပြီး ရခိုင်ပြည်အနှံ့ရှိ နေရပ်စွန့်ခွာ တိုင်းရင်းသားတွေကို ပံ့ပိုးပေး နေတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013