DVB Logo
Home
မြန်မာသတင်း
ရခိုင် အကြံပေးကော်မရှင် အစီရင်ခံစာကို အမြန်အကောင်ထည်ဖော်သင့်ဟု တစညပြော
DVB
·
September 24, 2017
ရခိုင် အကြံပေးကော်မရှင် အစီရင်ခံစာကို အမြန်အကောင်ထည်ဖော်သင့်ဟု တစညပြော
Donate to DVB

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ဒေါက်တာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဒုဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောဆိုလိုက်ပါတယ်။

၂၉ နှစ်မြောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီနှစ်ပတ်လည်အခမ်းအနားကို စက်တင်ဘာ ၂၄ ရက်နေ့က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ တစည ပါတီရုံးချုပ်မှာ ကျင်းပနေတာဖြစ်ပြီး သတင်းစာရှင်းပွဲမှာ ပြောဆိုလိုက်တာပါ။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနဲ့ ဒေါက်တာကိုဖီအာနန်ကော်မရှင် အပြီးသတ်တင်သွင်းခဲ့တဲ့ အစီရင်ခံစာမှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကို ပြန်လည်ပြင်ဆင်သင့်တယ်ဆိုတဲ့အချက်ကိုသာ လက်မခံတာလို့ဆိုပါတယ်။

အဲဒီဥပဒေဟာ ၇ နှစ် နီးပါး တိုင်းရင်းသားပြည်သူ တွေဆီက သဘောထားမှတ်ချက်တွေကို ကောက်ခံပြုစုထားတာဖြစ်ပြီး နိုင်ငံ တကာဥပဒေနဲ့အညီ ပြဋ္ဌာန်းထားတာဖြစ်လို့ ပြင်ဆင်ဖို့မသင့်ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ ရခိုင်အရေးနဲ့ပတ်သက်လို့ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ လိုမယ်လို့ ဦးဟန်ရွှေက ပြောဆိုလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013