DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းရှိ ကျောင်း ၆ ကျောင်းအား သန့်ရှင်းသည့်သောက်သုံးရေ ရရှိရန် ပြုလုပ်ပေးမည်
DVB
·
September 24, 2017
ဝမ်းတွင်းရှိ ကျောင်း ၆ ကျောင်းအား သန့်ရှင်းသည့်သောက်သုံးရေ ရရှိရန် ပြုလုပ်ပေးမည်
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပညာရေးဌာန စက်တင်ဘာ ၂၃ ရက် မွန်လွဲ ၁ နာရီက ကျောင်း ၆ ကျောင်းရှိ ကျောင်သားကျောင်းသူတွေ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိဖို့ ရေစင်၊ ရေကန်၊ သန့်စင်ခန်း၊ လက်ဆေးစနစ်တွေ တည်ဆောက်ပေးမယ် လို့ မြို့နယ်ပညာရေးမှူးရုံးက ပြောပါတယ်။

ကျေးလက်ဖွံ့ဖြိုးရေး လက်ထောက်ညွှန်မှူး ဒေါ်ရီရီဦးက “လွန်ခဲ့တဲ့တပတ်လောက်က  ကျေးလက်ဒေသ၊ စာသင်ကျောင်း၊ ဆေးရုံဆေးပေးခန်းတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေး ပတ်ဝန်ကျင်သန့်ရှင်းရေးနဲ့ တကိုယ်ရေသန့်ရှင်းရေး ဆိုင်ရာ မဟာဗျုဟာနဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ သက်ဆိုင်ရာဌာနတွေနဲ့ တိုင်းအစိုးရကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်၊ ယူနီဆက် အဖွဲ့တွေ မန္တလေး Wilson ဟိုတယ်မှာ ညှိနှိုင်းဆွေး နွေးကြတယ်၊ အဲဒီဆွေးနွေးမှုအရ စာသင်ကျောင်းတွေကို စတင်လုပ်ဆောင်ပေး တာပေါ့” လို့ ပြောပါတယ်။

ဒုမြို့နယ်ပညာရေးမှူးဦးကျော်မြင့်က “ဒီနေ့ပဲ လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ ပညာရေး ပါဝင်တဲ့ ၆ ဦးက ကျောင်းတွေ စိစစ်ရွေးပေးတယ်၊ ဆပ်ခင်းအထက်တန်းကျောင်း၊ ရွာရှည်အထက်တန်းကျောင်းခွဲ၊ တဲစုအထက်တန်းကျောင်းခွဲ၊ ရွာဝေအလယ်တန်ကျောင်း၊ ထန်းပင်ကုန်းအလယ်တန်းကျောင်းခွဲ၊ သပြေသာမူလတန်းလွန်ကျောင်း ဆိုပြီး ကျောင်း ၆ ကျောင်း ရွေးလိုက်တယ် တိုင်းပညာရေးမှူးရုံးကို ပြန်တင်ပေးရမယ်” လို့ ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးရုံးကဘီစီဦးအောင်ကျော်ဦးက “သန့်ရှင်းတဲ့ သောက်သုံးရေ သုံးစွဲနိုင်ဖို့ ဘယ်ကလှူလှူ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဦးဆောင်ပြီးလုပ်မှာပါ၊ လုပ်ပေးမယ့် နေရာပေါ်မူတည်ပြီး ငွေကြေးတွက်ချက်သုံးစွဲ သွားမယ် ဆိုတာ သိရတယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်မှာ ကျောင်းပေါင်း ၁၆၈ ကျောင်းရှိပေမယ့် ကျောင်း ၆ ကျောင်းကိုသာ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိသုံးစွဲဖို့ တည်ဆောက်လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

ကျောင်းသူကျောင်းသား ရှိနေတဲ့အပေါ် မူတည်ပြီး အချိုးကျတည်ဆောက် ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013