DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ပြင်ပ မြို့နယ် ၁၂ ခုတွင် စက်မှုဇုန်အသေးစားများ အကောင်ထည်ဖော်မည်
DVB
·
September 24, 2017
ရန်ကုန်ပြင်ပ မြို့နယ် ၁၂ ခုတွင် စက်မှုဇုန်အသေးစားများ အကောင်ထည်ဖော်မည်
Donate to DVB

 

ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ပြင်ပက ကိုကိုးကျွန်းအပါအဝင် မြို့နယ်ပေါင်း ၁၂ မြို့နယ်မှာ စက်မှုဇုန်အသေးစားတွေကို ၃ နှစ်အတွင်း အကောင်အထည်ဖော်သွားဖို့ ပြင်ဆင်နေပါတယ်။

ရန်ကုန်မြို့မှာ ထပ်တိုးလာမယ့် ကျုးကျော်ပြဿနာကို ကြိုတင်ကာကွယ်နိုင်ဖို့ ဆင်ခြေဖုံးမြို့နယ်တွေမှာ  အသေး စားစက်မှုဇုန်တွေ တည်ဆောက်သွားဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်တင်ဘာလ ၂၃ ရက် ဒုသမ္မတနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ဒသမအကြိမ်မြောက် တွေ့ဆုံပွဲမှာ ပြောဆိုလိုက်တာပါ။

“စည်ပင်သာယာနယ်နိမိတ်ပြင်ပမှာ စက်မှုဇုန်အသးစားတွေ ထူထောင်ဖို့ ပြင်ဆင်ထားပါတယ်၊ ဘာကြောင့်လည်းဆိုရင် ရန်ကုန်မြို့ကိုပဲ လူတွေက  တအားတိုးဝင်လာနေရတာ အခြေနေကနေ ရန်ကုန်ပြင်ပမှာ စက်မှုဇုန်တွေ တည်ထောင်ဖို့ လုပ်ငန်းဆေင်ရွက်နေပါတယ်၊ ပြီးခဲ့တဲ့အစည်းအဝေးမှာ ကျနော်တို့ တင်ပြခဲ့ပါတယ်၊ ငါးနဲ့ ပုစွန်မွေးမြူရေးလုပ်ငန်းတွေကိုလည်း ရန်ကုန်တိုင်းအတွင်းမှာ တိုးမြှင့်ဆောင်ရွက်ဖို့ရှိပါတယ်၊ ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေ အားလုံးအတွက်လည်း ၃ နှစ်အတွင်း ဆောင်ရွက်နိုင်မယ့် ပရောဂျက်တစ်ခုကို ရေးဆွဲသွားမှာ ဖြစ်ပါတယ်” လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ရန်ကုန်တိုင်းက မြို့နယ် ၄၅ မြို့နယ်မှာ လုပ်ငန်းလုပ်ကိုင်ဆဲ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို စာရင်းကောက်ယူသွားမှာဖြစ်ပြီး လုပ်ငန်းအခြေအနေအလိုက် စီးပွားရေးပရောဂျက်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကူညီရေးဆွဲပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအတွက် ဘဏ်တွေနဲ့ချိတ် ဆက်ပြီး ချေးငွေရရှိဖို့ကိုလည်း ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ်က ဖြည့်စွက်ပြောပါတယ်။

ဒီအစီအစဉ်ကို လာမယ့်အောက်တိုဘာလမှာ ရှေ့ပြေးစမ်းသပ်အစီအစဉ်အဖြစ် ဒဂုံမြို့သစ်တေင်ပိုင်းမှာ စတင်ကောက်ယူသွားမယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“အက်စ်အမ်အီးကို ကူညီတဲ့နေရာမှာလည်း  ကျနော်တို့ လေ့လာဆန်းစစ်ချက်တွေအရ မြို့နယ် အလိုက်ကူညီဖို့  ဆုံးဖြတ်ထားပါတယ်၊ စီးပွားရေးလုပ်ငန်းတွေကို မြေပြင်အထိကွင်းဆင်းမေးပြီး ဘယ်လို အကူအညီပေးရင် အဆင်ပြေသွားမလဲဆိုတာကို ပရိုပိုဇယ်တခုပြင်ဆင်ပေးပြီး ချေးငွေကို အကူအညီပေးတာက အကျိုးရှိလိမ့်မယ်လို့ ယူဆရပါတယ်။ မဟုတ်ရင် သူဟာ အတိုးဝန်ထုပ်ဝန်ပိုး ထပ်ပြီးတက်လာနိုင်ပါတယ်။ ဒီချေးငွေနဲ့ ပတ်သက်ပြီးတော့လည်း အာမခံစနစ်တခုကို ချိတ်တွဲစဉ်းစားဖို့အတွက်လည်း ကျနော်တို့ စဉ်းစားနေပါတယ်။”

ချေးငွေလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ရန်ကုန်မြို့တော်ဘဏ်ကို အဆင့်မြှင့်တင်သွားမှာဖြစ်ပြီး အသေးစား နဲ့ အလတ်စားလုပ်ငန်းတွေမှာ ကျွမ်းကျင်လုပ်သားတွေ ဖြည့်ဆည်းနိုင်ဖို့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင် တန်းတွေကို အသေးစားစက်မှုဇုန်တွေမှာ ဖွင့်လှစ်သွားမှာပါ။

အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေဟာ မြန်မာပြည်က လုပ်ငန်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ရှိနေပြီး၊ ချေးငွေအပြင် နည်းပညာအခက်အခဲနဲ့ အဓိကရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

သတင်း - ရူပါအောင်ဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013