DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်သို့ရောက်နေသည့် ဟိန္ဒူဘာသာဝင်များအား ပြန်ခေါ်နိုင်ရေးဆောင်ရွက်မည်
DVB
·
September 24, 2017
ဘင်္ဂလားဒေ့ရှ်သို့ရောက်နေသည့် ဟိန္ဒူဘာသာဝင်များအား ပြန်ခေါ်နိုင်ရေးဆောင်ရွက်မည်
Donate to DVB

 

ရခိုင်ဒေသအကြမ်းဖက်မှုတွေကြောင့် ပျောက်ဆုံးနေတဲ့ ဟိန္ဒူဘာသာဝင်တွေ အခြေအနေ အမြန်ဆုံး သိနိုင်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိနေတဲ့ ဟိန္ဒူဘာသာဝင်တွေကို ပြန်လည် ခေါ်ယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၂ ရက်က သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဝင် တွေနဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။

တမန်းသားကျေးရွာက ပျောက်ဆုံးနေတဲ့ ဟိန္ဒူဘာသာဝင် ၉၃ ယောက်အခြေအနေကို အမြန်ဆုံး သိနိုင်ဖို့ ရှာဖွေတာ တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးတော့  ဘင်္ဂလားဒေ့ရှ်ကို ရောက်နေ တယ်လို့ သတင်းထွက်နေတဲ့  ဟိန္ဒူဘာသာဝင် အမျိုးသမီး ၆ ယောက်နဲ့ ကလေး ၃ ယောက်ကို မြန်မာနိုင်ငံကို ပြန်ခေါ်ဖို့ နယ်ခြားစောင့်တပ် အချင်းချင်း တောင်းခံထားပြီး ဖြစ်ပေမယ့် သံတမန် လမ်းကြောင်းက တဆင့် ထပ်မံတောင်းခံသွားဖို့လည်း ဆုံးဖြန်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေသူတွေကို ပြန်လည်စိစစ်လက်ခံရေး အဖွဲ့တဖွဲ့ အမြန်ဆုံး ဖွဲ့ပြီး ၁၉၉၃ ခုနှစ် သဘောတူညီချက်ကိုအခြေခံပြီး စနစ်တကျ စိစစ်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

နေရပ်စွန့်ခွာ နေရတဲ့ ဒေသခံတိုင်းရင်းသားတွေ နေရာချထားရာမှာ မြို၊ ဒိုင်းနက် စတဲ့ ဌာနေ တိုင်းရင်းသားတွေလည်း ပါနေလို့ ဓလေ့၊ ထုံးတမ်း၊ ယဉ်ကျေးမှုတွေ မပျောက်ပျက်အောင် ရည်ရွယ်ပြီး ကုလသမဂ္ဂ မြို့ရွာနဲ့အိုးအိမ်ဖွံ့ဖြိုးမှု အစီအစဉ် UN-Habitat - United Nations Human Settlements Programme က အကြံရယူဖို့ကိုလည်း အစည်းအဝေးမှာ ဆုံးဖြတ်ပါတယ်။

အကြမ်းဖက်မှုမှာ ပါဝင်သူတွေကို အရေးယူနိုင်ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ညှိနှိုင်းဖို့၊ အကြမ်းဖက်မှုမှာ ပါခဲ့သူတွေရဲ့ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နဲ့  ကုလသမဂ္ဂကို ပေးပို့သွားဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

ပြီးတော့ လာမယ့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံမှာရှိနေတဲ့ သံတမန်တွေကို မောင်တောဒေသကို ပို့ဆောင်ပေးဖို့လည်း ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013