DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်တွင် ARSA အကြမ်းဖက်အဖွဲ့ဝှက်ထားသည့် လက်လုပ်မိုင်းများ တွေ့ရှိ
DVB
·
September 24, 2017
ရသေ့တောင်တွင် ARSA အကြမ်းဖက်အဖွဲ့ဝှက်ထားသည့် လက်လုပ်မိုင်းများ တွေ့ရှိ
Donate to DVB

ရသေ့တောင်မြို့နယ်၊ မြစ်နားကျေးရွာအနီးရှိ မေယုတောင်ခြေမှာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေ သိုဝှက်ထားတဲ့ လက်လုပ်မိုင်းတွေ တွေ့ရှိသိမ်းဆည်းရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေး လုပ်ငန်း ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်လောက်က မြစ်နားကျေးရွာရဲ့ အရှေ့မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာမှာ ကောက်ရိုး နဲ့ ပလတ်စတစ်တွေ ဖုံးအုပ်ထားတဲ့ မြေကျင်းအတွင်းမှ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေ သိုဝှက်ထားတဲ့ ကားပစ်စတင်နဲ့ ပြုလုပ်ထားတဲ့ လက်လုပ် မိုင်း ၂ လုံးနဲ့ သံပိုက်နဲ့ပြုလုပ်ထားတဲ့ လက်လုပ်မိုင်း ၅ လုံး၊ စုစုပေါင်း လက်လုပ်မိုင်း ၇ လုံးတို့ကို တူးဖော်တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ နေရာတ၀ိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ ဆက်လက်ဆောင် ရွက်လျက်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013