DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာ ဆက်ဆံရေး ပိုမိုကောင်းမွန်ရန် လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
September 24, 2017
တရုတ်-မြန်မာ ဆက်ဆံရေး ပိုမိုကောင်းမွန်ရန် လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Donate to DVB

တရုတ်-မြန်မာ ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့ လိုအပ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

တရုတ်-မြန်မာ ၂ နိုင်ငံဟာ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းတွေ ဖြစ်တာကြောင့် တရုတ်နိုင်ငံနဲ့ နောက်ထပ် ပူးပေါင်းဆောင်ရွက်ရေးလုပ်ဖို့  ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ တရုတ်မီဒီယာနဲ့တွေ့ဆုံနေချိန်မှာ ပြောဆိုတာပါ။

နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ဟာ အရင်ဆုံး လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး၊ လူ ၃၀၀၀၀ လောက် အိုးအိမ်နေရပ်စွန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရခိုင်ပြည်နယ်က အရေးကို ရှင်းလင်းပြောဆိုပြီးတော့ အစိုးရဟာ အရပ်သားတွေကို သေချာ ကာကွယ်စောင့်ရှောက်နိုင်ဖို့ လုပ်ဆောင်မှာပါလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ BRI ပဏာမခြေလှမ်း လို့ခေါ်တဲ့ အာရှပိုးလမ်းမ စီမံကိန်း လမ်းကြောင်းတလျှောက်မှာရှိတဲ့ အရေးကြီးနိုင်ငံတွေထဲက တနိုင်ငံအနေနဲ့ တက်ကြွစွာ ပါဝင်ဖို့ ဆန္ဒပြင်းပြနေပြီး အဲ့ဒီမူဘောင်ကို အပြည့်အဝ အားပေးထောက်ခံပါတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဟာ ပြည်တွင်းမှာ အောင်မြင်မှုတွေ ဖြစ်ထွန်းဖို့အတွက် အဓိကကျပြီး တရုတ်နိုင်ငံနဲ့ ထိကပ်နီးစပ်နေတဲ့ နယ်မြေတွေမှာ ငြိမ်းချမ်းရေးကို တကယ်ပဲ လိုအပ်ပါတယ်လည်း ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013