DVB Logo
Home
မြန်မာသတင်း
စားသုံးသူ​များ အန္တရာယ်​ကင်းရန် ပိုးသတ်​​​​ဆေးအစား အကျိုးပြု နဂျီပိုး​မွေးမြူရန်လို
DVB
·
September 23, 2017
စားသုံးသူ​များ အန္တရာယ်​ကင်းရန် ပိုးသတ်​​​​ဆေးအစား အကျိုးပြု နဂျီပိုး​မွေးမြူရန်လို
Donate to DVB

စားသုံးသူတွေ အန္တရာယ်ကင်းဖို့ ပိုးသတ်ဆေးအစား အကျိုးပြု နဂျီပိုးမွေးမြူဖို့လိုတယ်လို့ ဘက်စုံသီးနှံကာကွယ်ရေးဌာနစု တာဝန်ခံ ဒုတိယညွှန့်ကြားရေးမှူး ဒေါက်တာကြည်ကြည်ဝင်းက ပြောပါတယ်။

လှိုင်းဘွဲမြို့နယ် သမ္ဘာန်ကျေးရွာမှာ စက်တင်ဘာ ၂၃ ရက်နေ့မနက် ၈ နာရီက ပြုလုပ်တဲ့ စပါးနှင့်စားသုံးသီးနှံများမှာ ကျရောက်တဲ့ လိပ်ပြာမျိုးရင်းဝင် ဖျက်ပိုးတွေကို ဇီဝနည်းနဲ့ ကာကွယ်နှိမ်နင်းနိုင်ဖို့ ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီ အသုံးပြုခြင်း ဆွေးနွေးပွဲနဲ့ လက်တွေ့ သရုပ်ပြပွဲမှာ အခုလိုပြောကြားခဲ့တာပါ။

“ခုချိန်မှာ တောင်သူတွေ ပိုးသတ်ဆေးကို ရိတ်သိမ်းခါနီးထိ သုံးစွဲနေကျတာ။ သုံးစွဲတဲ့အတွက်ကြောင့်မို့ သီးနှံတွေ ဓာတ်ကြွင်းတွေကျန်တယ်။ ဓာတ်ကြွင်းကျန်တဲ့ သီးနှံတွေကို စားသုံးလိုက်တဲ့ မည်သူမဆို အဆိပ်အတောက်ဖြစ်စေပါတယ်။ တောင်သူတွေကို ပိုးသတ်ဆေးအစား အန္တရာယ်ကင်းတဲ့ ဓာတ်ကြွင်းမရှိတဲ့ ဒီလို အကျိုးပြုတဲ့ ပိုးတွေကို မွေးမြူးပြီးတော့ တောင်သူတွေ သုံးစွဲတတ်အောင် ပညာပေးခြင်း၊ လက်တွေ့ သုံးစွဲ နိုင်အောင်ဆောင်ရွက်ပေးခြင်းအားဖြစ် မြန်မာပြည်မှာ ပိုးသတ်ဆေးလျော့နည်းပြီး စိုက်ပျိုးရေးထွက်ကုန်တွေကို စားသုံးတဲ့ သူတွေအတွက် အန္တရာယ်ကင်းဖို့ ရည်ရွယ်ပါတယ်” လို့ ပြောပါတယ်။

ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီ အသုံးပြုခြင်းဖြင့် လိပ်ပြာဖလံမျိုးရင်း ဖျက်ပိုးများကို ဥအဆင့်ကတည်းက နှိမ်နင်းနိုင်ခြင်း၊ ပိုးသတ်ဆေးသုံးစွဲမှု လျှော့ချနိုင်ခြင်း၊ တောင်သူများရဲ့ ကျန်းမာရေးကို ထိခိုက်မှုမရှိခြင်းနဲ့ သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများကင်းဝေးစေခြင်း၊ သီးနှံစိုက်ခင်းထဲရှိ အခြားသက်ရှိတွေ၊ မြေထု၊ ရေထုနဲ့ လေထုတွေကိုလည်း အန္တရာယ်မဖြစ်စေနိုင်ခြင်း၊ ထရိုင်ဂိုဂရားမားနဂျီ အသုံးပြုခြင်းဖြင့် လိပ်ပြာမျိုးရင်းဝင် ဖျက်ပိုးတွေကို နှိမ်နင်းရာမှာ ရေရှည်အသုံးပြုနိုင်ပြီး ကုန်ကျစရိတ်သက်သာသလို လုံခြုံစိတ်ချတဲ့ စားသုံးသီးနှံတွေကို ထုတ်လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီ အသုံးပြုခြင်းဖြင့် စပါးတစ်ဧကကို ပိုးကောင် ထုတ် ၄၀ သုံးစွဲရမှာဖြစ်ပြီး တောင်သူတွေအနေနဲ့ ကုန်ကျစရိတ် နှစ်ထောင်ကျပ်သာကုန်ကျမှာဖြစ်ပြီး စပါးတစ်ဧကကို ပျိုးနုတ်ချိန်မှ တစ်ကြိမ်၊ ရွှေ့ပြောင်းစိုက်ပျိုးပြီးချိန် တစ်ကြိမ်၊ ၄၅ ရက်သားတစ်ကြိမ် ပိုးနဂျီကောင်တွေကို လွှတ်ပေးထားခြင်းအားဖြင့် ပိုးသတ်ဆေးသုံးစွဲဖို့ မလိုအပ်ဘူးလို့ သိရပါတယ်။

တောင်သူတွေထံအဆိုပါ ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီကောင် မွေးမြူဖို့နဲ့ လွယ်လင့်တကူ လိုအပ်သလို့ ဖြန့်ဝေနိုင်ဖို့အတွက် ဘားအံမြို့မှာ ပိုးမွေးမြူရေးဓာတ်ခွဲခန်း ဆောက်လုပ်နိုင်ဖို့ ပြည်နယ်အစိုးရထံတင်ပြ ဆောင်ရွက်သွားမယ်လို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန့်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013