DVB Logo
Home
မြန်မာသတင်း
ကျွန်းစုတွင် လက်ခတ်လှေငယ် တိမ်းမှောက်၊ KG ကျောင်းသူ ၁ ဦး ပျောက်ဆုံးနေ
DVB
·
September 23, 2017
ကျွန်းစုတွင် လက်ခတ်လှေငယ် တိမ်းမှောက်၊ KG ကျောင်းသူ ၁ ဦး ပျောက်ဆုံးနေ
Donate to DVB

မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာအုပ်စု တောင်ပြို ကျေးရွာမှာ စတင်ဘာ (၂၂) ရက်နေ့က ကျောင်းသူ/သားတွေ လိုက်ပါ စီးနင်းလာတဲ့ လက်ခတ် သစ်သားလှေငယ်တစီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ၅ နှစ်အရွယ် KG ကျောင်းသူတဦး ပျောက်ဆုံးကြောင်း သိရပါတယ်။

ကျွန်းစုမြို့နယ်၊ စခန်းသစ် ကျေးရွာအုပ်စု တောင်ပြို ကျေးရွးမှာ ကျောင်းတက်နေတဲ့ ကျောင်း/သားများတွေကို ကျောင်းပိတ်လို့ မိသားစုဝင်တွေက စတင်ဘာ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက သွားရောက် ခေါ်ယူရာမှ မြစ်အတွင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာလို့ ကံမော်စခန်းမှူး ရဲအုပ် ကျော်ကျော်သန့်က ပြောပါတယ်။

“သစ်သားလှေ လှော်ခတ်သူ ဒေါ်ရွှေစန်းက သူရဲ့ မြေးဖြစ်သူ မအိဖြူစိုးကို သွားရောက် ခေါ်ယူရာမှ ကျောင်းဆင်းချိန်ဖြစ်၍ တရွာတည်းနေ ကျောင်းသား ၃ ဦးနဲ့ ကျောင်းသူ ၆ ဦး စုစုပေါင်း ၉ ဦးကို လမ်းကြုံခေါ်ယူခဲ့ရာမှ မြစ်အတွင်းရောက်စဉ် လှေပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ကျောင်းသူ/သားတွေ ဆော့ကစားရာကနေ လူးလိမ့်ပြီး ရေစီးနဲ့အတူ တိမ်မှောက်သွားတာ။”

လှေငယ်ပေါ်တွင် ကျောင်းသူ/ သား (၉) ဦးနဲ့ အခြား ရွာသူ ၂ ဦး၊ စုစုပေါင်း ၁၁ ဦး လိုက်ပါခဲ့တယ်လို့ ဆိုပါတယ်။

လှေငယ် တိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေတဲ့ KG ကျောင်းသူ မအိဖြူစိုးကို စတင်ဘာ ၂၃ ရက်နေ့အထိ မြစ်အတွင်း ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်အဖွဲ့ဝင်တွေနဲ့ ရာအိမ်မှူးတွေက ငါးဖမ်းစက်လှေတွေနဲ့ ရှာဖွေနေတယ်လို့ သိရပါတယ်။

သတင်းနှင့်သတင်းပုံ - ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013