DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲကန့်ကွက်လွှာအမှု အန်အယ်လ်ဒီကိုယ်စားလှယ် ရှုံးနိမ့်
DVB
·
September 23, 2017
ကြားဖြတ်ရွေးကောက်ပွဲကန့်ကွက်လွှာအမှု အန်အယ်လ်ဒီကိုယ်စားလှယ် ရှုံးနိမ့်
Donate to DVB

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကန်ကွက်လွှာတွေကို ခုံအဖွဲ့တွေနဲ့ စစ်ဆေးဆုံးဖြတ်နေရာမှာ မနေ့က အမှုမှာတော့ အန်အယ်လ်ဒီပါတီကိုယ်စားလှယ်ရဲ့ တင်သွင်းတာကို ခုံအဖွဲ့က ပလပ်လိုက်ပါတယ်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အန်အယ်လ်ဒီပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာဝဏ္ဏစိုးက အဲဒီ မဲဆန္ဒနယ် မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူ ကြံ့ခိုင်ရေးပါတီက ဦးရှာမွေလရှဲန်ကို ကန့်ကွက်ခဲ့တာပါ။

ဒေါက်တာဝဏ္ဏစိုးက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၇၊ ၆၈ အရ ကန့်ကွက်လျှောက်ထားခဲ့ပြီး လျှောက်ထားခံရသူ ဦးရှာမွေလရှဲန်ကလည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၉၃ အရ တန်ပြန်ကန့်ကွက်လွှာ တင်သွင်းခဲ့ပါတယ်။

ဒီအမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ ရွေးကောက်ပွဲ ခုံအဖွဲ့ ၁ က ကြားနားစစ်ဆေးပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့မှာတော့ လျှောက်ထားသူ ဒေါက်တာဝဏ္ဏစိုးရဲ့ ကန့်ကွက်လွှာနဲ့ ဦးရှာမွေလရှဲန်ရဲ့ တန်ပြန်ကန့်ကွက်လွှာတွေကို ပလပ်ပြီး ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးရှာမွေလရှဲန်ကို ရွေးကောက် တင်မြှောက်ထားတာဟာ တရားဝင်အတည်ဖြစ်တယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013