DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် ရေကြီးမှုကြောင့် လူ ၂ ဦး သေဆုံး
DVB
·
September 23, 2017
ကလေးမြို့တွင် ရေကြီးမှုကြောင့် လူ ၂ ဦး သေဆုံး
Donate to DVB

ရေကြီးရေလျှံနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ လူနှစ်ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့က ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ အေးမြဝေစည် ဘုန်းကြီးကျောင်း အနောက်ဘက် အိမ်တအိမ်မှာ အမျိုးသားတယောက် သေဆုံးနေတယ် သတင်းရလို့ မြို့မရဲစခန်းက သွားရောက် စစ်ဆေးရာမှာ အသက် ၃၆ နှစ်အရွယ် အမျိုးသားတယောက် ပြင်ပဒဏ်ရာ မရှိပဲ သေဆုံးနေတာကို တွေ့ရပါတယ်။

သူဟာ အိမ်ပေါ်မှာ အရက်မူးပြီးအိပ်ပျော်နေတုန်း ရေတက်လာပြီး ကြမ်းပြင်အထက် ၁၀ လက်မ လောက်ရေထဲမှာ မှောက်လျက်သေဆုံးနေတယ်လို့ ရဲတပ်ဖွဲ့က မှတ်ချက်ပေးပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့မှာလည်း ရေနစ်သေဆုံးတဲ့ အမျိုးသမီးတယောက် ဆေးရုံမှာ ရောက်လာတာကြောင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။

သေဆုံးသူဟာ ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတယောက် ဖြစ်ပြီး နေအိမ်အောက်က ၂ ပေလောက်အနက်ရှိတဲ့ ရေထဲမှာ ပြင်ပဒဏ်ရာမရှိပဲ သေဆုံးခဲ့တာပါ။

သူဟာ အတက်ရောဂါနဲ့ စိတ်ဝေဒနာခံစားနေရသူဖြစ်ပြီး သေဆုံးသူတွေနဲ့ ပတ်သက်လို့ ဓမ္မတာ အတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စစ်ဆေးနေပြီး အမှုစစ် ဒုရဲမှူး သက်နိုင်ဦးက သေမှုသေခင်းဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013