DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်အတွင်း ဆိုင်ကယ်ခိုးယူနေသူအချို့ကို ဖမ်းဆီးရမိ
DVB
·
September 23, 2017
မွန်ပြည်နယ်အတွင်း ဆိုင်ကယ်ခိုးယူနေသူအချို့ကို ဖမ်းဆီးရမိ
Donate to DVB

မွန်ပြည်နယ်အတွင်း မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး ဆိုင်ကယ်ခိုးယူသူတချို့ကို ဖမ်းမိထားတယ်လို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

စက်တင်ဘာလ (၈) ရက်နေ့ တစ်နေ့တည်းမှာပဲ ခိုးယူထားတဲ့ မော်တော်ဆိုင်ကယ်တွေလို့ ယူဆရတဲ့ ဆိုင်ကယ်(၁၁) စီးကို သထုံမြို့နယ်က ကြာပန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ခင်မောင်စိုးကပြောပါတယ်။

“ကြာပန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မီနီဘတ်(စ်) ကို စစ်ဆေးတုန်း ဆိုင်ကယ်(၆)စီးမိပါတယ်၊ ဘားအံဘက်နေ သထုံဘက်ကို ယာဉ်မောင်း မောင်မျိုးထက်မောင်းလာတဲ့ ဟွန်ဒိုင်းအမျိုးအစား(ခဲရောင်) ကို စစ်ဆေးတာ ဆိုင်ကယ်(၅) စီးထပ်မိပါတယ်”

အလားတူ စက်တင်ဘာလ (၆) ရက်နေ့ကလည်း သထုံခရိုင်မှုခင်းနှိမ်နင်းရေးမှ ရဲအုပ်အောင်သူ ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက သထုံမြို့ ပေါ်တော်မူအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ မော်လမြိုင်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ် (၂) စီးကို စစ်ဆေးဖို့ တားဆီးရာ ရပ်တန့်ပေးခြင်းမရှိဘဲ ဘီးလင်းမြို့သကြားစက်ရုံစက်လမ်းဆုံ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဖမ်းဆီးတဲ့အတွက် တရားခံ သက်လူကို ဖမ်းဆီးရမိခဲ့တာပါ။

ရဲတပ်ဖွဲ့ဝင်တွေက သက်လူကို စစ်ဆေးမေးမြန်းချက်အရ စုစုပေါင်း တရားခံ (၆) ဦးအနက် စိန်နိုင်၊ မင်းမင်း၊ စိန်ကြီးနဲ့ ခန့်ဖြိုးဝေတို့ကို ကျိုက်ကော် ကျေးရွာမှာဖမ်းဆီးရမိခဲ့ပြီး မျောက်ကြီး ဆိုသူမှာ ထွက်ပြေးလွတ်မြောက်နေပြီးအဆိုပါ တရားခံများကို သထုံမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ ကျင့် ၅၄ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

သိမ်းဆည်းထားသည့် ဆိုင်ကယ်များကို ပိုင်ရှင်များထံပြန်လည်ပေးအပ်နိုင်ရေး မိမိဆိုင်ကယ်အမျိုးအစားနဲ့ ပိုင်ရှင်အမှန် ဟုတ်မဟုတ် လုပ်ထုံးလုပ်နည်းတွေအတိုင်း စစ်ဆေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒုရဲမှူးကြီး ခင်မောင်စိုးက ပြောပါတယ်။

သတင်း-အာကာမင်း

ဓာတ်ပုံ-Golden Phyo / Aung Koko Lwin

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013