DVB Logo
Home
မြန်မာသတင်း
ရွာသားများ တဖက်နိုင်ငံထွက်ပြေးရန် အကြမ်းဖက်သမားများက ဗုံးဖောက်ခွဲခြင်းဖြစ်ဟု တပ်မတော်ပြော
DVB
·
September 23, 2017
ရွာသားများ တဖက်နိုင်ငံထွက်ပြေးရန် အကြမ်းဖက်သမားများက ဗုံးဖောက်ခွဲခြင်းဖြစ်ဟု တပ်မတော်ပြော
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဗလီနဲ့စာသင်ကျောင်းဝင်းအတွင်း မနေ့က ဗုံးပေါက်ကွဲတာဟာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်ပြီး  ရွာသားတွေ ဗလီဝတ်မပြုနိုင်ဖို့နဲ့ တဖက်နိုင်ငံကို ထွက်ပြေးဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ မိကျောင်းဈေးကျေးရွာက ဗလီနဲ့ အာရဗီ စာသင်ကျောင်းကြားမှာ ကားစလစ်အုံနဲ့ လုပ်ထားတဲ့ လက်လုပ်မိုင်းတလုံးပေါက်ကွဲခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းရာမှာ ပေါက်ကွဲတဲ့နေရာနဲ့ ၁၀ ပေလောက်အကွာမှာ ဖိုခုံလောက်ဆိုင်ထောင်ထားတဲ့ လက်လုပ်မိုင်း ၂ လုံးကို တွေ့ရှိခဲ့ပါတယ်။

ကျေးရွာရပ်မိရပ်ဖတွေရဲ့ ပြောကြားချက်အရ ရွာမှာ အိမ်ခြေ ၂၇၂ လုံး၊ လူဦးရေ ၁၇၇၀ ယောက်ရှိပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက် အိမ် ၂၀ လောက် မီးလောင်ပြီး လက်ရှိမှာ လူဦးရေ ၇၀၀ ကျော်နေထိုင်နေတယ်လို့ သိရပါတယ်။

မော်လ၀ီကူတူဘော်ဒင်ဦးဆောင်တဲ့ ရပ်မိရပ်ဖတွေက ကျေးရွာလူထုကို မိမိတို့ရွာမှာပဲ အေးအေး ချမ်းချမ်းနေထိုင်ဖို့ စည်းရုံးပြောဆိုပြီး အကြမ်းဖက်သမားတွေနဲ့ ဆက်နွှယ်တဲ့ လူငယ်တွေကတော့ တဖက်နိုင်ငံကို ထွက်ပြေးဖို့ စည်းရုံးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဗုံးပေါက်ကွဲတဲ့ ဖြစ်စဉ်ဟာလည်း ကျေးရွာသားတွေ ဗလီမှာ အေးအေးချမ်းချမ်း ဝတ်မပြုနိုင်ပဲ ကြောက်လန့်ပြီး တဖက်နိုင်ငံကို ထွက်ပြေးဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013