DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည် ကျန်း​မာ​ရေး​ကြောင့်​ မြိတ်ကျွန်း​စုခရီး​စဉ်ဖျက်သိမ်း
DVB
·
March 25, 2012
ဒေါ်​အောင်ဆန်း​စုကြည် ကျန်း​မာ​ရေး​ကြောင့်​ မြိတ်ကျွန်း​စုခရီး​စဉ်ဖျက်သိမ်း
Donate to DVB

တနင်္သာရီတိုင်း​ မြိတ်​ဒေသကို ​ရွေး​ကောက်ပွဲမဲဆွယ်ခရီး​ထွက်​နေတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ခရီး​စဉ်အတွင်း​ ကျန်း​မာ​ရေး​ချို့​ယွင်း​လာတာ​ကြောင့်​ တနင်္ဂ​နွေ​နေ့​ မှာ မြိတ်ကျွန်း​စုမြို့​နယ်ကို သွား​ရာက်​ဟော​ပြောဖို့​စီစဉ်ထား​တဲ့​ခရီး​စဉ်ကို ဖျက်သိမ်း​လိုက်ရပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်မြိတ်ခရီး​စဉ်​တောက်​လျောက်လိုက်ပါ သတင်း​ယူ​နေတဲ့​ သတင်း​ထောက် တဦး​က “ဒီ​နေ့​ အန်တီ​တော်​တော်​နေမ​ကောင်း​ဖြစ်​နေတယ်။ အဲဒါ​ကြောင့်​မလို့ ​ဒီမနက်က ကျွန်း​စုသွား​မယ့်​ ခရီး​စဉ်ကို ဖျက်လိုက်ပါတယ်။ ခု​ဆေးတောင် သွင်း​ထား​ရတယ်။ သူတည်း​ခိုတဲ့​နေအိမ်မှာ ​ဆေး​ကု​နေရပါတယ်”လို့​ ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ စ​နေ​နေ့​မနက်က မြိတ်မြို့​ကို ​ရောက်ရှိလာပြီး​ စခန်း​သစ်ရွာကို သွား​ ရောက် ​ဟော​ပြောပြီး​ အပြန် ပန်း​ဇင်ရွာအနီး​မှာ စက်​လှေ ​သောင်တင်မှုနဲ့​ ကြုံ​တွေ့​ခဲ့​ရပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည် ခရီး​စဉ် အတွက် အသုံး​ပြုမယ့်​ ​ရေ​ပေါ်ရှပ်​ပြေး​ရေယာဉ်​တွေကို ငှား​ရမ်း​လို့​ မရတဲ့​ အတွက် စက်​လှေနဲ့​သွား​ခဲ့​ရာမှာ ည​နေ ၅ နာရီခွဲခန့်​ က​နေ ည ၈ နာရီခွဲ​လောက်အထိ ​သောင်တင်​နေခဲ့​တာလို့​ အဆိုပါသတင်း​ထောက်က ​ပြောပါတယ်။

“သောင်တင်တာက​တော့​ သဘာဝ ​ရေတက်​ရေကျ​ကြောင့်​ တင်တာပါ။ ရှပ်​ပြေး​ယာဉ်နဲ့​ဆို အဲဒီလိုမဖြစ်ဘူး​။ စက်​လှေနဲ့​မို့​ဖြစ်ရတာ ။ စက်​လှေက (၃) နာရီ​မောင်း​တဲ့​ခရီး​ဆို ရှပ်​ပြေး​က (၁)နာ ရီပဲ​ မောင်း​တယ် ။ ပထမစီစဉ်ထား​တဲ့​ရှပ်​ပြေး​က ခန့်​ခန့်​ညား​ညား​ သက်​သောင့်​သက်သာရှိတယ်၊​ အဲဒါကို ငှား​မရအောင် လုပ်ထား​တယ်။ အန်တီ တကယ်စီး​ရ​တော့​ ​ဒေသအ​ခေါ် ကဲ့​လှေနဲ့​ အန်တီက အဲဒီ စက်​လှေကြီး​ကို ယာယီအမိုး​မိုး​ပြီး ​စီး​လိုက်ရတာ။ ​ရေကျသွား​တဲ့​အခါကျ​တော့​ ​သောင်ပြင်ကြီးက ကတ္တရာလမ်း​ကြီး​လို အ​ဖွေး​သား​ကြီး​ပေါ်လာတယ် ။ အဲဒီ​သောင်ပြင်ကြီး​ကို ​ကွေ့ပတ်​ရှောင်ရင်း​ ​သောင်တင်သွား​တာ”

ဒေါ်​အောင်ဆန်း​စုကြည်နဲ့​အဖွဲ့​ဟာ မြိတ်မြို့​ကမ်း​ခြေကို ပြီး​ခဲ့​တဲ့​ ည ၁ဝ နာရီ ​လောက်မှာ ပြန်လည် ​ရောက်ရှိခဲ့​ပြီး​ ​ထောင်​ပေါင်း​များ​စွာ​သော မြို့​ခံ​တွေက ကမ်း​ခြေမှာ​ စောင့်​ကြိုကာ တညလုံး​ နီး​ပါး​ ကား​တွေဆိုင်ကယ်​တွေနဲ့ ​တေး​သီချင်း​တွေဖွင့်​ကာ လှည့်​လည်​နေခဲ့​ကြတယ်လို့​ သိရပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ခရီး​ပန်း​လာပြီး​ ကျန်း​မာ​ရေး​ မ​ကောင်း​တာ​ကြောင့်​ မြိတ်မြို့​က ပါတီဝင် တဦး​ရဲ့​နေအိမ်မှာ တည်း​ခိုရင်း​ ​ဆေး​ကုသမှုခံယူ​နေရပါတယ်။ ကျွန်း​စုရွာ သွား​ရောက်​ဟော​ပြောမယ့်​ ခရီး​စဉ်ကို ဖျက်သိမ်း​လိုက်ပြီဖြစ်​ပေမယ့်​ ကျွန်း​စု ရွာသား​ တွအ​နေနဲ့​ ည​နြေ​မိတ်မြို့​မှာ ပြုလုပ်မယ့်​ ​ဟော​ပြောပွဲမှာ လာ​ရောက် နား​ထောင်နိုင်​အောင် ​ဒေါ်​အောင်ဆန်း​စုကြည်က စက်​လှေ စီစဉ် ​ပေးထား​တယ်လို့​သိရပါတယ်။ တနင်္ဂ​နွေ​နေ့​ည​နေ ၃နာရီ​လောက်မှာ​တော့​ ရန်ကုန်ကို ​လေကြောင်းနဲ့​ ပြန်လာဖို့​​ အစီအစဉ် ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013