DVB Logo
Home
မြန်မာသတင်း
ဟသာင်္တခရိုင်တွင် လယ်ယာမြေပြဿနာ အသိပညာပေးသင်တန်းများ ပြုလုပ်
DVB
·
September 23, 2017
ဟသာင်္တခရိုင်တွင် လယ်ယာမြေပြဿနာ အသိပညာပေးသင်တန်းများ ပြုလုပ်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ဟသာင်္တခရိုင်အတွင်းက လယ်ယာမြေပြဿနာတွေ ဖြစ်နေတဲ့ မြို့နယ်တွေက ဒေသခံလယ်သမားတွေကို လယ်ယာမြေ ပြဿနာကိုင်တွယ် ဖြေရှင်းရာမှာ စနစ်တကျ ဖြေရှင်းတတ်စေဖို့ သင်တန်းတွေ ပို့ချပေးနေပါတယ်။

သင်းတန်းကိုတော့ Yangon Irrawaddy Yputh farmer Institute ရန်ကုန် ဧရာဝတီ လူငယ်နှင့် လယ်သမား အဖွဲ့ကနေ အင်္ဂပူမြို့နယ် မှတ်တိုင်အုပ်စုမှာ ၂၁ ရက်ကနေ  ၂၃ ရက် အထိ ၃ ရက် သင်တန်းပို့ချမှာပါ။

“သင်တန်းသားတွေကတော့ လေးမျက်နှာ မြန်အောင် ဇလွန် အင်္ဂပူ၊ ကြံခင်း၊ ဟသာင်္တ စတဲ့ ဟသာင်္တခရိုင်အတွင်းက အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေဆုံးရှုံးသူတွေ သိမ်းဆည်းခံလယ်သမား ၂၀ ကိုရွေးချယ်ပြီး ဥပဒေ ဘောင်အတွင်းကနေ လယ်ယာ မြေပြဿနာ ကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လူ့အခွင့်အရေး ဆိုင်ရာ အခြေခံသဘောတရားတွေ ခေတ်အဆက်ဆက်က လယ်ယာမြေဥပဒေတွေရဲ့ အားသာချက် အားနည်းချက်တွေကို အဓိကသင်ကြား ပို့ချပေးနေတာပါ” လို့ ရန်ကုန်ဧရာဝတီလူငယ်နဲ့ လယ်သမား အဖွဲ့တာဝန်ခံ ဦးနိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

လေးမျက်နှာ မြို့နယ်က သင်တန်းတက်ရောက်သူ ဦးမြင့်ထွန်း ကတော့ “ကျနော်တို့ လယ်ယာမြေဆုံးရှုံးသွားပေမယ့် ဘယ်နည်းဘယ်ပုံ တင်ပြတာတောင်းဆိုတာတွေ မလုပ်တတ်ပါဘူး၊ ဒီအားကိုးရမယ့် အဖွဲ့အစည်းတွေက နည်းတော့ မိမိကိုယ်တိုင် သိထား နားလည်ထားတော့ အလားတူ လယ်ယာမြေဆုံးရှုံးသူတွေကို ပြန်လည်ဝေမျှ အသိပညာ ပေးနိုင်တာပေါ့” လို့ ပြောပါတယ်။

သင်တန်းတွေကို ရန်ကုန်၊ ဧရာဝတီတိုင်းတွေမှာ ဒီလကစပြီး ဆက်တိုက် ပို့ချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း-သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013