DVB Logo
Home
မြန်မာသတင်း
မီးကျောင်းဈေးရွာပေါက်ကွဲမှု အကြမ်းဖက်မှုဥပဒေဖြင့် အရေးယူ
DVB
·
September 22, 2017
မီးကျောင်းဈေးရွာပေါက်ကွဲမှု အကြမ်းဖက်မှုဥပဒေဖြင့် အရေးယူ
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းရှိ မီးကျောင်းဈေးကျေးရွာ အာရဗီကျောင်းမှာ ဒီမနက်ကဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှု ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ တောင်ဘဇာရဲစခန်းမှူး ရဲအုပ် ထွန်းလှိုင်က ဒီဗွီဘီကိုပြောပါတယ်။

“၁၀ နာရီ ၄၅ မှာ တောင်ဘဇာအပိုင် မီးကျောင်းဈေးရွာ အာရဗီတက္ကသိုလ်အဲမှာ သံပိုက်လုံးနဲ့လုပ်ထားတဲ့ လက်လုပ်မိုင်းတလုံးပေါက်တာ။ လူတွေ အသေအပျောက်မရှိဘူး။ မြေကြီးတွေ ပွင့်ထွက်သွားတာပေါ့။ အခုတော့ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ဈ)နဲ့ အမှုဖွင့်ထားတယ်။”

ပေါက်ကွဲမှုဖြစ်ပြီးတဲ့ နောက်မှာတော့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေအပြင် စစ်တပ်ကလည်း အဲဒီမှာသွားရောက်လုံခြုံရေးယူထားတယ်လို့  ရဲအုပ်ထွန်းလှိုင်က ပြောပါတယ်။

အဆိုပါမီးကျောင်းဈေးကျေးရွာမှာ လူဦးရေ ၁၇၀၀ ကျော်နေထိုင်ပြီး ဘူးသီးတောင်မြို့နဲ့ ၁၀ မိုင်လောက်ဝေးတယ်လို့ ဆိုပါတယ်။

မီးကျောင်းဈေးဗလီကြီးခြံဝန်းအတွင်း ဗလီအဆောက်အအုံရဲ့ အရှေ့ဘက်ပေ ၃၀ လောက်အကွာမြေပြင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အကျယ် ၄ ပေ အနက် ၂ ပေ လောက်ရှိတဲ့ တွင်းတစ်တွင်း ဖြစ်သွားခဲ့တယ်။

ဘာကြောင့်ပေါက်ကွဲတာလဲ မသိရသေးဘဲ ရွာမှာလူတွေလည်း ကြောက်လို့ ပုန်းနေကြတယ်၊ ရဲတွေနဲ့ စစ်သားတွေ လာကြည့်နေတယ်လို့ မီးကျောင်းဈေးရွာသား တစ်ယောက်ကပြောပါတယ်။

အခုပေါက်ကွဲမှုဖြစ်တဲ့ မီးကျောင်းဈေးရွာဟာ ပန်ဇင်းချောင်းဘေးမှာရှိပြီး ဩဂုတ်လ အတွင်းက တိုက်ခိုက်မှုတွေဖြစ်နေချိန်မှာ အေးချမ်းစွာ ရှိနေခဲ့တဲ့ရွာပါ။

အဲဒီအပြင် မီးကျောင်းဈေး ဗလီကြီးနဲ့ စာသင်ကျောင်းဟာ ဘူးသီးတောင်မြို့နယ်မှာ အစ္စလာမ်ဘာသာဝင်တွေ တလေးတစားရှိတဲ့ နေရာဖြစ်တဲ့အတွက် ပေါက်ကွဲမှုဖြစ်တဲ့အတွက် အံ့ဩမိပြီး ဝမ်းနည်းစရာဖြစ်ရတယ်လို့ ဘူးသီးတောင်မြို့ပေါ်က မော်လဝီဦးမောင်လေးက ပြောပါတယ်။

သတင်း-နော်နိုရင်း- ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013