DVB Logo
Home
မြန်မာသတင်း
စွန့်ပစ်မြေဖုံးလွှမ်းခံရမှု နစ်နာကြေးရရေး ဒေသခံတောင်သူများ ဆန္ဒပြ
DVB
·
September 22, 2017
စွန့်ပစ်မြေဖုံးလွှမ်းခံရမှု နစ်နာကြေးရရေး ဒေသခံတောင်သူများ ဆန္ဒပြ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် တကောင်းနီကယ်စက်ရုံရဲ့ စွန့်ပစ်မြေနီတွေ ဖုံးလွှမ်းခံရလို့ နစ်နာကြေးရဖို့အတွက် သပိတ်ကျင်းမြို့နယ်မှာ ဒေသခံတောင်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။

ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် အင်းနက်ကျေးရွာ၊ တောင်တလုံးကျေးရွာ၊ မိုင်းဒိုင်းကျေးရွာနဲ့ မောင်းကုန်းကျေးရွာတွေက ဒေသခံတောင်သူ ၁၀၀ ကျော်ဟာ ဒီနေ့မနက် ၈ နာရီက ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဦးဆောင်ပါဝင်သူ ဦးမောင်စိန်က ပြောပါတယ်။

“ကျေးရွာပေါင်း  ၄ ရွာက အိမ်ထောင်စုပေါင်း ၇၈ စု၊ လူဦးရေ ၃၄၀ ဦးတို့ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေပေါင်း (၄၅၆ ဒသမ ၁၄) ဧကပေါ်ကို တကောင်းတောင်နီကယ် စက်ရုံက စွန့်ပစ်မြေနီတွေ ဖုံးလွှမ်းခဲ့လို့ တောင်သူတွေက နစ်နာကြေးရရှိဖို့အတွက် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်၊ ၂၀၁၃ တုန်းက ကျနော်တို့ကို သီးနှံနစ်နာကြေးတကြိမ် ရဖူးပါတယ်။ တဧကကို ၅ သိန်းနှုန်းနဲ့ ကျနော်တို့ တောင်သူတွေကို ပေးသွားတာရှိပါတယ်။ ယခင်ကလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညွှန့်၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့၊ အမှတ်(၁)သတ္တူတွင်းက ဦးသန်းထွဋ်အောင်တို့က ကတိက၀တ်ပေးသွားတာရှိပါတယ်၊ နောက်နှစ် နောက်နှစ်တွေမှာလည်း နည်းနည်းပဲကျကျ များများ ပဲကျကျ အခုလို ဒေသခံတောင်သူတွေကို နှစ်နာကြေး ကျရောက်တဲ့ နှစ်တိုင်းနှစ်တိုင်း နစ်နာကြေးပေးပါမယ်လို့ ကတိက၀တ်ပေးသွားတာ ကျနော်တို့ဆီမှာ မှတ်တမ်းတင် ဓာတ်ပုံဖိုင်တွေ ရှိပါတယ်။”

ဆန္ဒထုတ်ဖော်ပွဲကို ဒီနေ့မနက် ၈ နာရီက မြိုင်သာယာကျေးရွာ တောင်ဘက် ကျောက်ကွင်းက စတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး တကောင်းနီကယ်စက်ရုံရှေ့ထိ ဒေသခံတောင်သူ ၁၀၀ ကျော်က မြေနီဖုံးလွှမ်းမှု နစ်နာကြေးရရှိရေး၊ နိုင်ငံတော်အတိုင်ပင်ခံ အမေစုကူညီဖြေရှင်းပေးရေး၊ နိုင်ငံတော် သမ္မတကြီးမှ ကူညီဖြေရှင်းပေးရေး၊ စွန့်ပစ်မြေနီများ မကျရောက်အောင် ထိန်းသိမ်းပေးရေး၊ ဒေသဖွံ့ဖြိုးမှု နှစ်စဉ်ပံပိုးကူညီရေး စတဲ့ ကြွေးကြော်သံတွေနဲ့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013