DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီးပေါ်တွင် Light Truck ယာဉ်တိမ်းမှောက်၊ ၂ ဦး ဒဏ်ရာရ
DVB
·
September 22, 2017
အမြန်လမ်းမကြီးပေါ်တွင် Light Truck ယာဉ်တိမ်းမှောက်၊  ၂  ဦး ဒဏ်ရာရ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ဒီနေ့မနက်ပိုင်းက Light Truck ယာဉ်တစီး အရှိန်လွန်ကာ လမ်းအချက်ပြမီးတိုင်အား ဝင်ရောက်တိုက်မိခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖြူးအမြန်လမ်းရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၃/၂  နဲ့ ၁၁၃/၃ အကြားမှာ ရန်ကုန်ကနေ နေပြည်တော်ဘက် မင်းမင်းထွေး မောင်းနှင်လာတဲ့ Light Truck မော်တော်ယာဉ်ဟာ ယာဉ်မောင်းအိပ်ငိုက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းရဲ့ ယာဘက်ဘေးရှိ အချက်ပြမီးတိုင်အား ဝင်ရောက်တိုက်မိကာ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနဲ့ အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့လို့ ဖြူးဆေးရုံကို တင်ပို့ခဲ့ရကြောင်း သိရပါတယ်။

ယာဉ်အား မဆင်မခြင်ပေါ့လျော့စွာ မောင်းနှင်းသူ ယာဉ်မောင်းကို ဖြူးအမြန်လမ်းမကြီးရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရပါတယ်။

သတင်း-ကျော်အောင် (ကညွတ်ကွင်း )

ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013