DVB Logo
Home
မြန်မာသတင်း
ကချင်​ရွေး​ကောက်ပွဲ​ရွှေ့​ဆိုင်း​မှု ပါတီနဲ့​ကိုယ်စား​လှယ်​လောင်း​တွေ စိတ်ပျက်
DVB
·
March 23, 2012
Donate to DVB

ကချင်ပြည်နယ်အတွင်း​ ကြား​ဖြတ်​ရွေး​ကောက်ပွဲကျင်း​ပဖို့​စီစဉ်ထား​တဲ့​ မဲဆန္ဒနယ်​တွေအား​လုံး​ မှာ လုံခြုံ ​ရေး​ကြောင့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲကို​ရွေ့​ဆိုင်း​လိုက်တယ်လို့​ ပြည် ​ထောင်စု ​ရွေး​ ​ကောက်ပွဲ ​ကော်မရှင်က ​ကြေညာလိုက်ပါတယ်။

ကချင်ပြည်နယ် မိုး​ကောင်း​၊​ ဖား​ကန့်​နဲ့​ ဗန်း​မော်မြို့​နယ်​တွေက ပြည်သူ့​လွှတ်​တော် မဲဆန္ဒနယ်(၃) ​နေရာမှာ ကြား​ဖြတ်​ရွေး​ကောက်ပွဲအတွက် ဧပြီလ ၁ ရက်​နေ့​မှာ ကျင်း​ပဖို့​ မူလကစီစဉ်ထား​တာဖြစ်ပြီး​ လုံခြုံ ​ရေး​အ​ခြေအ​နေ​ကြောင့်​ လွတ်လပ်တရား​ မျှတတဲ့​ရွေး​ ​ကောက်ပွဲ ကျင်း​ပဖို့​အ​ခြေအ​နေ မရှိဟုဆိုပြီး​ ရက် ​ရွှေ့​ဆိုင်း​လိုက်တယ်လို့​ ​သောကြာ​နေ့​မှာ ​ကော်မရှင်က နိုင်ငံပိုင်မီဒီယာ​တွေက ​နေ ​ကြေညာခဲ့​တာပါ။

ရွေး​ကောက်ပွဲ ပြန်လည်ကျင်း​ပမယ့်​ ရက်ကို​တော့​ အသိ​ပေး​ ​ကြေညာခဲ့​ခြင်း​မရှိဘဲ အဆင်​ပြေ သင့်​လျော်ချိန်မှာ ကျင်း​ပ​ပေး​မယ်လို့​ဆိုပါတယ်။

ကချင်ပြည်နယ်မှာ ​ရွေး​ကောက်ပွဲ မလုပ်​တော့​ဘူး​လို ​ကော်မရှင်က ​ကြေညာလိုက်တဲ့​အ​ပေါ် မိုး​ ​ကောင်း​မြို့​နယ်မှာ တသီး​ ပုဂ္ဂလိကအဖြစ် ဝင်ပြိုင်မယ့်​ ​ဒေါက် တာ တူး​ဂျာ က​တော့​ သူကိုယ်တိုင်​ရော မဲဆန္ဒရှင်​တွေပါစိတ်ပျက်သွား​ကြတယ်လို့​ပြောပါ တယ်။

' စိတ်​တော့​ထိခိုက်တာ​ပေါ့​လေ ၊​ ကျ​နော်တို့​လည်း​တော်​တော်​လေး​ ပြင်ထား​တာ။ လူထုက လည်း​ ​တော်​တော်​လေး​ ​မျှော်လင့်​စောင့်​စား​နေကြတာ။ ​ရွေး​ကောက်ပွဲ​နေ့​ကို ဒီလို ဗြုန်း​စား​ကြီး​ ကြား​လိုက်ရတဲ့​အခါကျ​တော့​ ​တော်​တော်​လေး​တော့​ စိတ်မ​ကောင်း​ဖြစ်မိပါတယ်။ အား​လုံး​က စိတ်ပျက် သွား​ကုန်ကြ မယ်ဆိုတာက ​တော့​မြေကြီး​ လက်ခတ်မလွဲဘူး​ လို့​ပြောပါတယ်'

ဒေါက်တာ တူး​ဂျာဟာ ၂၀၁၀ ​ရွေး​ကောက်ပွဲတုန်း​ကလည်း​ ပါဝင်ယှဉ်ပြိုင်ဖို့​ ကြိုး​စား​ခဲ့​ပေမယ့်​ ​ရွေး​ကောက်ပွဲဝင် ခွင့်​မရခဲ့​ပါဘူး​။ ကြား​ဖြတ် ​ရွေး​ကောက်ပွဲဝင်ဖို့​ပြင်ဆင်ခဲ့​ပြီး​ကာမှ အစီအစဉ် ပျက်သွား​တဲ့​ရတာပါ။ ဒါ​ပေမယ့်​ ​ရွေး​ကောက်ပွဲ ပြန်ကျင်း​ပမယ့်​အချိန်ကို စိတ်ရှည်ရှည် ဇွဲ​ကောင်း​ ​ကောင်း​နဲ့​ဆက်​စောင့်​သွား​မယ်လို့​ဒေါက်တာတူး​ဂျာက​ပြောပါတယ်။

ကချင်ပြည်နယ် မဲဆန္ဒနယ် (၃)​နေရာစလုံး​မှာ ဝင်ပြိုင်ဖို့​ ပြင်ဆင်ထား​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က အတွင်း​ရေး​မှူး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က​တော့​ ‘ သူတို့​က​တော့​ လုံခြုံ​ရေး​လို့​အ​ကြောင်း​ပြမှာဘဲ ဒါ​ပေမယ့်​ ပြင်ဆင်ထား​ရတဲ့​ နိုင်ငံ​ရေး​ ပါတီ​တွေ ခုလိုအချိန်ကျမှဆို​တော့​ စိတ်ပျက် ကုန် တာ​ပေါ့​။ ဘယ်ပါတီကဖြစ်ဖြစ် ​တော် ​တော်ပြင် ဆင်ထား​ပြီး​ပြီး​။ ​ငွေ​ကြေး​အကုန်ခံပြီး​မှ ခုလိုဖြစ်သွား​တယ် ဆို​တော့​စိတ်ဓာတ်ကျသွား​ကြမှာပဲ။ ကချင်ပြည် နယ်ခရီး​ စဉ်မှာ ဥက္ကဌက လည်း​တော်​တော့်​ကို အပင်ပန်း​ခံပြီး​သွား​ခဲ့​ရတာ”လို့​ပြောပါတယ်။

အန်အယ်လ်ဒီပါတီအ​နေနဲ့​ မူလက ၄၈ ​နေရာစလုံး​မှာဝင်ပြိုင်ဖို့​ စီစဉ်ထား​တာပြီး​ ကိုယ်စား​လှယ် ​လောင်း​ ၁ ဦး​ ပယ်ခံထား​ရပြီး​ ခု ၃ ​နေရာမှာ ​ရွေး​ကောက်ပွဲကျင်း​ပဖို့​မရှိ​တော့​တဲ့​တွက် ဧပြီ ၁ရက်ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ယှဉ်ပြိုင်မယ့်​နေရာ ၄၄ ​နေရာသာကျန်ရှိ​တော့​တာပါ။

ကချင်ပြည်နယ် (၂)​နေရာမှာ ဝင်​ရောက်ယှဉ်ပြိုင်ဖို့​ပြင်ထား​တဲ့​ အန်ဒီအက်ဖ်အမျိုး​သား​ဒီမိုက ​ရေစီအင်အား​စုပါတီ ​ခေါင်း​ဆောင် ဦး​ခင်​မောင်​ဆွေက​တော့

' ကြား​ခါစက​တော့​ ​တော်​တော်စိတ်ပျက်သွား​တယ်။ ပြန်​လေ့​လာကြည့်​တဲ့​အခါကျ​တော့​ လုံခြုံ​ရေး​အ​ကြောင်း​ပြချက်နဲ့​ရွေ့​တဲ့​သ​ဘောရှိပြီး​တော့​ ​ဒေသခံပြည်သူ​တွေရဲ့​ ဆန္ဒ၊​ကိုထုတ်​ဖော် ခွင့်​လုံး​ ဝမ​ပေး​တော့​ဘူး​ဆိုပြီး​ရပ်ဆိုင်း​လိုက်တာမဟုတ်ဘူး​ဆိုတာ​တွေ့​ရပါတယ်။ လုံခြုံ​ရေး​အဆင် ​ပြေတဲ့​ အခါပြန်လုပ်မယ်လို့​ကတိကဝတ်ပါတဲ့​အခါကျ​တော့​ ကျ​နော်တို့​ရဲ​ဘော်များ​ဟာလည်း​ပဲ မဲဆွယ် စည်း​ရုံး​မှု ကာလပိုရသွား​ပြီး​။ ပြည်သူ​တွေနဲ့​ ​သေ​သေချာချာ့​ထိ​တွေ့​မှု ပိုရသွား​ပြီး​ အဆိုး​ထဲက အ​ကောင်း​ပေါ့​ဗျာ လို့​ပြောပါတယ်။

ကချင်ပြည်နယ်မှာ ​ရွေး​ကောက်ပွဲ မလုပ်​တော့​ဖို့​ကြေညာချက်ဟာ ပြည်​ထောင်စု​ရွေး​ ​ကောက်ပွဲ ​ကော်မရှင် ဥက္ကဌ ဦး​တင်​အေး​ ကချင်ပြည်နယ်ကိုသွား​ရောက်အပြီး​မှာ ထွက်​ပေါ်လာခဲ့​တာပါ။

မတ် (၂၀)ရက်​နေ့​က မြစ်ကြီး​နား​မြို့​ မြို့​တော်ခန်း​မမှာ ဦး​တင်​အေး​က ပြည်နယ်၊​ခရိုင်၊​မြို့​ နယ်က ​ရွေး​ကောက် ပွဲ​ကော်မရှင် တာဝန်ရှိသူ​တွေနဲ့​ ကိုယ်စား​လှယ်​လောင်း​တွေကို​ခေါ်ယူ​တွေ့​ဆုံစဉ်က​တော့​ ကချင်မှာ ​ရွေး​ကောက်ပွဲလုပ်ဖို့​ မ ​သေချာဘူး​ဆိုတာကို ​ပြောဆိုခဲ့​ခြင်း​မရှိဘူး​လို့​ ဒီ​တွေ့​ဆုံပွဲမှာ ပါဝင်တဲ့​ ကိုယ်စား​လှယ်​လောင်း​တဦး​က​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013